Select Page

မိမိတို့ကို ဆက်သွယ်ရန်

ယန္တရား၏ လုပ်ငန်းများအပေါ် စိတ်ဝင်စားမှု ရှိသည့်အတွက် ကျေးဇူးတင်ပါသည်။

စုံစမ်းလိုသည်များ ရှိပါက ယန္တရားကို iimm@un.org အီးမေးလ် မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

လျှို့ဝှက်သော သို့မဟုတ် ထိရှလွယ်သော ဆက်သွယ်ချက်များ၊ မေးခွန်းများ သို့မဟုတ်၊ အချက်အလက်များအတွက် ယန္တရားကို ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂၀၈ သို့မဟုတ် Signal မှတဆင့် ဆက်သွယ်နိုင်ပါသည်။

ဆက်သွယ်ရန် သို့မဟုတ်၊ အချက်အလက် လက်ခံရယူရန်အတွက် ယန္တရားတွင် တခြားလုံခြုံသည့် နည်းလမ်းများ ရှိပါသည်။ လိုအပ်ပါက ၎င်းနည်းလမ်းများကို ဖော်ပြပေးနိုင်ပါသည်။

လျှို့ဝှက်ထားရမည့် အရေးကြီးအချက်အလက် သို့မဟုတ်၊ အထောက်အထား ပစ္စည်းများ မပေးပို့မီ၊ အထက်ပါ ဖော်ပြပါ နည်းလမ်းများဖြင့် ယန္တရားကို ကြိုတင်ဆက်သွယ်ပါ။ ပေးပို့လာသည့် အချက်အလက်များကို လျှို့ဝှက်ထားရမည့်ကိစ္စများ၊ တခြားသူများထံသို့ ထပ်ဆင့်ဝေမျှသွားမည့်ကိစ္စနှင့် စိုးရိမ်မှုများအားလုံးကို ယန္တရားနှင့် တိုင်ပင်နိုင်ပါသည်။

ကျွန်တော်တို့၏ လုံခြုံသော ဆက်သွယ်ရေးလိုင်းများ မှတစ်ဆင့် သတင်းအချက်အလက်များ ပေးပို့မည့်သူများကို ယန္တရားအနေဖြင့် ကြိုတင် ကျေးဇူးတင်လိုပါသည်။ ကျွန်တော်တို့ လက်ခံရရှိသည့် သတင်းအချက်အလက် အရေအတွက်ကြောင့် သော်လည်းကောင်း၊ ကျွန်တော်တို့နဲ့ ဆက်သွယ်သူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စနှင့် လုံခြုံရေးဆိုင်ရာအတွက် စိုးရိမ်ချက်များရှိသောကြောင့် သော်လည်းကောင်း၊ ရရှိသော သတင်းအချက်အလက်များနှင့် ပတ်သက်၍ မရှင်းလင်းမှသာ၊ ထပ်ပြီးလိုအပ်သည့် သတင်းအချက်အလက်များ ရှိမှာသာ သက်ဆိုင်သူတို့ထံ ကျွန်တော်တို့ဘက်က ပြန်လည်ဆက်သွယ်လာနိုင်မည် ဖြစ်ကြောင်းကို ကျေးဇူးပြု၍ နားလည်ပေး စေလိုပါသည်။ အကယ်၍ သင့်ကို ကျွန်တော်တို့ဘက်က နည်းလမ်းပုံစံ တစ်ခုတည်းဖြင့်သာ ဆက်သွယ်ခိုင်း စေလိုလျှင် သို့မဟုတ် သင့်ကို ကျွန်တော်တို့ဘက်က မဆက်သွယ်ခိုင်းစေလိုလျှင် သင် ဖြစ်စေလိုသော ဆန္ဒကို ပေးပို့သော စာတွင် ဖော်ပြပေးပါ။

လိပ်စာ

Independent Investigative Mechanism for Myanmar Palais des Nations 8-14, Avenue de la Paix CH – 1211 Geneva 10 Switzerland