Select Page

ယန္တရားရဲ့ လုပ်ဆောင်မှုများကို စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

စုံစမ်းလိုသည်များ ရှိပါက ယန္တရားကို iimm@un.org အီးမေးလ် မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

 

လျှို့ဝှက် သို့မဟုတ် အထူးအရေးကြီးတဲ့ သတင်းအချက်အလက်များအတွက် ဆက်သွယ်ချင်ပါက သို့မဟုတ် စုံစမ်းမေးမြန်းချင်ပါက ယန္တရားဆီသို့ အောက်ပါဆက်သွယ်ရေးနည်းလမ်းများဖြင့် ဆက်သွယ်နိုင်ပါတယ်။

Signal:             +41(0)76 691 12 08

ProtonMail:     contact@myanmar-mechanism.org

ယန္တရားဆီသို့ သတင်းအချက်အလက် ပေးပို့လိုလျင် သတိကြီးစွာထားပြီး မိမိအတွက် လုံခြုံ စိတ်ချရမှ သတင်းပေးပို့ရန် မေတ္တာရပ်ခံပါတယ်။ သင့်လုံခြုံမှုက ယန္တရားအတွက် အရေးအကြီးဆုံးပါ။ ဤအတွက်ကြောင့် မိမိ လုံခြုံရေးအတွက် စိတ်မချရဘူးလို့ ယူဆတိုင်း လုံခြုံစိတ်ချရတဲ့အချိန်အထိ စောင့်ဆိုင်းပြီးမှ ပေးပို့ပါ။

အကယ်၍ ယန္တရားက သင်နှင့် ထပ်မံဆက်သွယ်လိုလျှင် တခြားဆက်သွယ်ရေး လမ်းကြောင်းတွေကနေ သီးခြား ဆက်သွယ်မှာဖြစ်ပြီး နောက်ထပ်ဆက်သွယ်ရန် ညွှန်ကြားချက်များပေးမည့်အပြင် သတင်းအချက်အလက် မျှဝေခြင်း၊ လျှို့ဝှက်နှင့် ပတ်သက်ပြီး သင့်ထံ ရှိနေနိုင်တဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့လည်း ရှင်းလင်းဖြေကြားပေးပါမယ်။

ကျွန်တော်တို့ဆီ သတင်းအချက်အလက်များ ပေးပို့သူများကို ယန္တရားအနေဖြင့် ကျေးဇူးတင်ရှိကြောင်း ကြိုတင် ပြောချင်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ လက်ခံရရှိသည့် သတင်းအချက်အလက် အရေအတွက်ကြောင့် တကြောင်း၊ ကျွန်တော်တို့နှင့် ဆက်သွယ်သူများ၏ လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးကိစ္စများ လျှို့ဝှက်ပိုင်ခွင့်ကို ထောက်ချင့်ရတာကတကြောင်း စသည့်အကြောင်းများကြောင့် ထပ်မံ ဆက်သွယ်ရန်လိုအပ်သည့် ပေးပို့သူများကိုသာ ပြန်လည်ဆက်သွယ်ပါမည်။ သင့်ကို ဆက်သွယ်ရာတွင် ကျွန်တော်တို့ကို သတ်သတ်မှတ်မှတ် နည်းလမ်းပုံစံ တစ်ခုခုဖြင့် ဆက်သွယ်စေချင်လျင် သို့တည်းမဟုတ် သင့်ကို မဆက်သွယ်စေချင်လျင် မဆက်သွယ်စေချင်သည့် အကြောင်းကို ကျွန်တော်တို့ကို ပေးပို့သော စာတွင် ဖော်ပြပေးပါ။

ထပ်မံသိရှိလိုတဲ့ သတင်းအချက်အလက်များအတွက် ကျွန်ုပ်တို့၏ မကြာခဏမေးလေ့ရှိသောမေးခွန်းများ စာမျက်နှာသို့ သွားပါ။

လိပ်စာ

Independent Investigative Mechanism for Myanmar Palais des Nations 8-14, Avenue de la Paix CH – 1211 Geneva 10 Switzerland