Select Page

လျှို့ဝှက်နှင့် သတိကြီးစွားထားရန်လိုအပ်သော ဆက်သွယ်မှုများ

မည်သည့် ဘာသာစကားဖြင့်မဆိုပေးပိုသည့် မည်သည့် သတင်းအချက်အလက်ကိုမဆို ယန္တရားက လက်ခံပါတယ်။ တသီးတခြား ဖောမက်၊ ပုံစံဖြစ်စရာ မလိုပါဘူး။

လျှို့ဝှက်နှင့် သတိကြီးစွာထားရန်လိုအပ်သော ဆက်သွယ်မှုများ သို့မဟုတ် သတင်းအချက်အလက် ပေးပို့ခြင်းအတွက် ကျေးဇူးပြု၍ အောက်ပါဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုပါ။

Signal:             +41(0)76 691 12 08

(Signal မှတစ်ဆင့် လုံခြုံသောမက်ဆေ့ချ်တစ်ခုပေးပို့ရန် Signal အက်ပ်ကို ဒေါင်းလုဒ် လုပ်ပါ။)

Proton Mail:     contact@myanmar-mechanism.org

(အခမဲ့ သုံးနိုင်သော Proton Mail အကောင့်ဖန်တီးပြီး လုံခြုံပြီး လှို့ဝှက်ကုဒ်ပါပြီးဖြစ်သော သင်၏ Proton Mail မှ ကျွန်ုပ်တို့ထံ အီးမေးလ်ပို့ ဆက်သွယ်ပါ။)

သင်၏လုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပါသည်။ ယန္တရားထံ သတင်းအချက်အလက်ပေးလိုပါက သတိကြီးစွာထားပြီး မိမိအတွက် လုံခြုံ စိတ်ချရမှ သတင်းပေးပို့ရန် မေတ္တာရပ်ခံပါသည်။ ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန် လုံခြုံသည့်အချိန်အထိ စောင့်ဆိုင်းလုပ်ဆောင်ပါ။ မလိုအပ်သော စွန့်စားမှုများကို မပြုလုပ်ပါနှင့်။

ကျွန်ုပ်တို့ထံ သတင်းအချက်အလက်ပေးသူများ၏ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးကို ကာကွယ်ရန် အရေးကြီး ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။ သင်၏ ခွင့်ပြုချက်မရှိဘဲ သတင်းအချက်အလက်များ သို့မဟုတ် သင်၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့မျှဝေမည်မဟုတ်ပါ။

ဘေးကင်းရေး လုပ်ဆောင်ရန် အကြံပြုချက်များ–

  • ယန္တရားနှင့် သင်၏ဆက်သွယ်မှုကို လျှို့ဝှက်ထားပါ။ သင်သည် ကျွန်ုပ်တို့နှင့် ဆက်သွယ်နေကြောင်း သို့မဟုတ် ကျွန်ုပ်တို့ထံ အချက်အလက်ပေးပို့နေကြောင်း၊ သင်၏မိသားစု၊ သူငယ်ချင်းများ သို့မဟုတ် အခြားသူများကို အတတ်နိုင်ဆုံး မပြောပါနှင့်။
  • ကျွန်ုပ်တို့နှင့် ဆက်သွယ်သည့်အခါ သို့မဟုတ် သတင်းပေးပို့သည့်အခါ၊ သင်၏အနီးအနားတွင် မည်သူမျှမရှိ သည့်အချိန်တွင်သာ ပြုလုပ်ပါ။ ဥပမာအားဖြင့်၊ သင့်ကို ကြည့်ရှု့နေနိုင်သည့် အများသူငှာရှိရာနေရာများမှ အချက်အလက်များ မပေးပို့ပါနှင့်။
  • ယန္တရားထံ မက်ဆေ့ချ်ပို့ပြီးနောက်၊ သင်၏ဖုန်း၊ ကွန်ပျူတာ (အမှိုက်ပုံးတွင်းအပါအဝင်)တွင်းမှ မက်ဆေ့ချ်အားလုံး ဖျက်ပစ်ပါ။ ယန္တရား၏ Signal နံပါတ် သို့မဟုတ် အီးမေးလ် လိပ်စာကို မသိမ်းထားပါနှင့်။
  • သင်၏ပုံမှန်အီးမေးလ်လိပ်စာ သို့မဟုတ် ယန္တရား၏ ယေဘူယျ အီးမေးလ်လိပ်စာကို အသုံးမပြုပါနှင့်။ သင်၏ Proton Mail အကောင့်မှသာ ယန္တရား ၏ Proton Mail လိပ်စာသို့ ပေးပို့ပါ။

ယန္တရားနှင့် သတင်းအချက်အလက် သို့မဟုတ် အထောက်အထားမျှဝေခြင်းအတွက် သင့်ထံ စိုးရိမ်မှုများရှိပါက၊ အထက်ဖော်ပြပါနည်းလမ်းများမှတစ်ဆင့် ကျွန်ုပ်တို့ထံ ဦးစွာဆက်သွယ်ပါ။ လျှို့ဝှက်ရေးကိစ္စနှင့် ပေးပို့သည့်အချက် အလက်များကို တခြားအဖွဲ့များနှင့် မျှဝေနိုင်ချေများ အပါအဝင်၊ သင့်ထံရှိသည့် မည်သည့် စိုးရိမ်မှုမျိုး ကိုမဆို ကျွန်ုပ်တို့နှင့် ဆွေးနွေးနိုင်ပါသည်။

ကျွန်ုပ်တို့ထံ သင်ပေးပို့သော မက်ဆေ့ချ် နှင့် သတင်းအချက်အလက်များကို အလွန်တန်ဖိုးထားပါသည်။ သို့သော် လည်း ကျွန်ုပ်တို့လက်ခံရရှိသည့် မက်ဆေ့ချ်အရေအတွက်များပြားခြင်းကြောင့်နှင့်၊ ပုဂ္ဂိုလ်ရေး နှင့် လုံခြုံရေးဆိုင်ရာ အကြောင်းများကြောင့် ထပ်မံဆက်သွယ်ရန် လိုအပ်သည့် ပေးပို့မှု များကိုသာ ပြန်ဆက်သွယ်ပါမည်။ ကျွန်ုပ်တို့ကို သင့်ထံ တခြား နည်းလမ်းပုံစံ တစ်ခုခုဖြင့် ဆက်သွယ်စေလိုပါက သို့တည်းမဟုတ် ကျွန်ုပ်တို့ကို သင့်ထံ မဆက် သွယ်စေလိုပါက၊ ဤအကြောင်းကို သင်‌ပေးပို့သောစာတွင် ဖော်ပြပေးပါ။

ထပ်မံသိရှိလိုသော သတင်းအချက်အလက်များအတွက် ကျွန်ုပ်တို့၏ မကြာခဏမေးလေ့ရှိသောမေးခွန်းများ စာမျက်နှာသို့ ဝင်ရောက် ကြည့်ရှုပါ။