Select Page

ကုလသမဂ္ဂ အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်များ

၂၀၁၈

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၃၉/၂ ( ၂၇ စက်တင်ဘာ ၂၀၁၈)

မြန်မာနိုင်ငံအတွင်း ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျူးလွန်ခဲ့သည့် အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းခြင်း၊ ပေါင်းစည်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စိစစ်သုံးသပ်ခြင်းများ ပြုလုပ်ရန်နှင့် ရာဇဝတ်မှုများကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် အမှုတွဲများပြင်ဆင်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကို တည်ထောင်ခဲ့သည်။

အထွေထွေညီလာခံသည် ဆုံးဖြတ်ချက် ၇၃/၂၆၄ (၂၂ ဒီဇင်ဘာ ၂၀၁၈) တွင် ယန္တရားတည်ထောင်မှုကို ကြိုဆိုခဲ့သည်။

၂၀၁၉

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၂/၃ ( ၂၆ စက်တင်ဘာ ၂၀၁၉)

ယန္တရား၏လုပ်ငန်းစတင်ခြင်းကို ကြိုဆိုခဲ့ပြီး၊ ဝန်ထမ်းခန့်အပ်မှု၊ လုပ်ငန်းတည်နေရာနှင့် ယန္တရား၏လုပ်ပိုင်ခွင့်ကို လွတ်လပ်စွာအကောင်အထည်ဖော်နိုင်ရန် လိုအပ်သောအကူအညီနှင့် အရင်းအမြစ်များပံ့ပိုးရန် ကုလသမဂ္ဂထံ တောင်းဆိုခဲ့သည်။

အထွေထွေညီလာခံသည် ဤတောင်းဆိုမှုကို ထပ်လောင်းပြောကြားကာ ယန္တရား၏လုပ်ငန်းများ လျင်မြန်စွာ စတင်ရန် တိုက်တွန်းခဲ့သည်။ ဆုံးဖြတ်ချက် ၇၄/၂၄၆ ( ၂၇ ဒီဇင်ဘာ ၂၀၁၉)

၂၀၂၀

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၃/၂၆ ( ၂၂  ဇွန်  ၂၀၂၂ )

နိုင်ငံတကာရာဇ၀တ်ခုံရုံး သို့မဟုတ် နိုင်ငံတကာတရားရုံးများ အပါအဝင် နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ တရားရုံးများ၊ ခုံရုံးများ၏ အနာဂတ်စုံစမ်းစစ်ဆေးမှုများတွင် နီးကပ်စွာ အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အထွေထွေညီလာခံသို့ အစီရင်ခံစာ ၇၅/၂၉၅ (သြဂုတ် ၂၀၂၀)

“ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ လုပ်ငန်းများ တိုးတက်မှု ရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် သက်သေများ၊ နစ်နာသူများနှင့် အခြားသတင်းရင်းမြစ်များကို လက်လှမ်းမီနိုင်ရေးအတွက် အရေးကြီးသည်။ သို့မှသာ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျုးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများအတွက် ယန္တရား၏ လုပ်ပိုင်ခွင့်ဖြစ်သည့်  တာဝန်ခံမှုဖြစ်ထွန်းရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး နောက်ထပ်ရာဇ၀တ်မှုများထပ်မဖြစ်အောင် ကူညီဟန့်တားနိုင်မည်ဖြစ်သည်။”

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ

ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် ၇၅/၂၃၈ ( ၃၁ ဒီဇင်ဘာ ၂၀၂၀)

ယန္တရားကို မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့် နိုင်ငံအနှံ့ကန့်သတ်ချက်မရှိသွားလာခွင့်ပေးခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

၂၀၂၁

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီသို့  အစီရင်ခံစာ ၂၀၂၁/၃၁၂  (မတ်လ ၂၀၂၁)

အထွေထွေအတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့်ဆက်နွှယ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအစီရင်ခံစာတွင် ယန္တရား အား “မြန်မာနိုင်ငံအတွင်း ချက်ချင်း၊ အပြည့်အဝနှင့် ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်နှင့် စောင့်ကြည့်လေ့လာခွင့်” ပြုရန် တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၆/၂၁ ( ၂၄ မတ်လ ၂၀၂၁)

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာရာဇ၀တ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို ရာဇဝတ်မှု ဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့များမှတစ်ဆင့် အရေးယူဆောင်ရွက်ရန် တောင်းဆိုသည်။ ယန္တရားကို နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုရန် မြန်မာအာဏာပိုင်များအား တောင်းဆိုခဲ့ပြီး နိုင်ငံတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ယန္တရား၏လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်း ဆောင်ရွက်ရန်၊ နစ်နာသူများနှင့် သက်သေများကို ကာကွယ်ပေးရန် တိုက်တွန်းထားသည်။ အဆိုပါ ဆုံးဖြတ်ချက်တွင် ယန္တရား၏ ဆောင်ရွက်ချက်များ၊ နှစ်ပတ်လည်းအစီရင်ခံစာများနှင့် လူထုဆက်ဆံ‌ရေးလုပ်ငန်းများကို ကြိုဆိုခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၇/၁ ( ၁၆ ဇူလိုင် ၂၀၂၁)

ယန္တရား၏ ဆောင်ရွက်ချက်နှင့် နှစ်ပတ်လည် အစီရင်ခံစာများကို ကြိုဆိုသည်။ မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ဒေသတွင်းနိုင်ငံများ၊ တရားစီရင်ပိုင်ခွင့်ရှိသည့်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် ယန္တရားကို လိုအပ်သည့် အကူအညီများပေးရန်နှင့် နိုင်ငံတွင်းသို့ အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုရန် တိုက်တွန်းခဲ့သည်။ လူပုဂ္ဂိုလ်တစ်ဦးသည် ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် လက်စားချေခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ တိုက်ခိုက်ခံရခြင်းများအတွက် မရှိစေရေး အာမခံချက်ပေးရန် မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

အထွေထွေညီလာခံသည် အထက်ပါတိုက်တွန်းမှုကို ထပ်လောင်းပြောကြားပြီး၊ ယန္တရား၏လုပ်ငန်းကို ကူညီပေးရန် အထွေထွေအတွင်းရေးမှူးအား တောင်းဆိုခဲ့သည်။ ဆုံးဖြတ်ချက် ၇၆/၁၈၀ ( ၁၆ ဒီဇင်ဘာ ၂၀၂၁ )

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထွေထွေညီလာခံသို့ အစီရင်ခံစာ ၇၆/၃၁၂  (သြဂုတ် ၂၀၂၁)

“ရိုဟင်ဂျာနှင့် တခြားလူနည်းစုများအပေါ် ကျူးလွန်သည့် အမှုများအပါအဝင် မြန်မာနိုင်ငံတွင် ကျူးလွန်သည့်  ကြီးလေးသောရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရရှိရေးသည် မရှိမဖြစ် အရေးပါသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကဲ့သို့သော သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့များသည် ယခင်က ပြစ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုဖြစ်ထွန်းရေးရရှိရန်နှင့် နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန် အထောက်အကူဖြစ်စေသည်။”

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ

၂၀၂၂

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၉/၂၃ ( ၁ ဧပြီ  ၂၀၂၂)

မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအား ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးရန် တိုက်တွန်းသည်။ ယန္တရားကို သက်သေများထံဝင်ရောက်ခွင့်ပေးပြီး နစ်နာသူများနှင့် သက်သေများအတွက် လျှို့ဝှက်မှု၊ လုံခြုံမှု နှင့် ကူညီထောက်ပံ့မှုများပေးရန် တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၅၀/၃ ( ၇ ဇူလိုင်  ၂၀၂၂)

မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအား ယန္တရား၏ လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ယခင်တောင်းဆိုချက်များအတိုင်း ထပ်လောင်းတောင်းဆိုခဲ့သည်။ ၎င်းအပြင် လက်ရှိနှင့် အနာဂတ်တွင်လုပ်ဆောင်မည့် စုံစမ်းစစ်ဆေးမှုများအတွက် ယန္တရားနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ရန်လည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၇၇/၂၂၇ ( ၁၅ ဒီဇင်ဘာ ၂၀၂၂)

(၇၈) ကြိမ်မြောက် အထွေထွေညီလာခံ အစည်းအဝေးပွဲအတွင်း ဆွေးနွေးပွဲတစ်ခု စီစဥ်ပေးခြင်းဖြင့် ယန္တရား၏ လုပ်ငန်းများကို အကူအညီပေးရန် အထွေထွေအတွင်းရေးမှူးချုပ်ကို မေတ္တာရပ်ခံခဲ့သည်။

၂၀၂၃

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၅၂/၃၁ ( ၄ ဧပြီ ၂၀၂၃)

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တို့အား အနာဂတ်တရားစွဲဆိုမှုများတွင် ထောက်ပံ့ကူညီမှုဖြစ်စေရန်အတွက် သက်သေအထောက်အထားများကို ယန္တရားထံ တတ်နိုင်သမျှ မျှဝေပေးရန် တောင်းဆိုထားသည်။ ထို့ပြင် အခြားကုလသမဂ္ဂအဖွဲ့များကိုလည်း ယန္တရားနှင့်ပူးပေါင်းပြီး အထောက်အထားများ မျှဝေပေးရန် တိုက်တွန်းထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၅၃/၂၆ ( ၂၄ ဇူလိုင် ၂၀၂၃)

မြန်မာနိုင်ငံ၊ အဖွဲ့ဝင်နိုင်ငံများ၊ တရားစီရင်ရေးအာဏာပိုင်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအား ယန္တရား၏လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ယန္တရားအား သက်သေများနှင့်တွေ့ဆုံခွင့် အပါအဝင် နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုရန် ထပ်လောင်းတောင်းဆိုခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ အထွေထွေညီလာခံသို့ အစီရင်ခံစာ ၇၈/၂၇၈  (သြဂုတ် ၂၀၂၃)

“ယနေ့အချိန်ထိ ယန္တရားသည် မိတ်ဖက်အဖွဲ့များနှင့် သတင်းရင်းမြစ်ပေါင်း ၇၀၀ ကျော်ကို ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။ ၎င်းပြင် သက်သေထွက်ဆိုချက်များနှင့်  စစ်ဆေးမှုပေါင်း ၂၀၀ ကျော် အပါအဝင် သတင်းအချက်အလက် သန်းပေါင်းများစွာကိုလည်း စုဆောင်းစိစစ်ခဲ့သည်။ ယန္တရားသည်  ရိုဟင်ဂျာများအပေါ် ကျုးလွန်သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး အထောက်အထားဖိုင်များနှင့် စိစစ်သုံးသပ်ချက် စာတမ်းပေါင်း ၁၀၀ ကျော်ကို မျှဝေရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။“

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် 78/219 ( ၁၉ ဒီဇင်ဘာ ၂၀၂၃)

ယန္တရား၏ ပဉ္စမနှစ်ပတ်လည် အစီရင်ခံစာကို ကြိုဆိုခဲ့သည်။ အထွေထွေညီလာခံ၏ ခုနစ်ဆယ့်ကိုးကြိမ်မြောက် အစည်းအဝေးအတွင်း ဆွေးနွေးပွဲတစ်ခု စီစဥ်ပေးခြင်းဖြင့် ယန္တရား၏လုပ်ငန်းကို ကူညီရန် နှင့် ယန္တရား၏ အစီရင်ခံ စာများတွင်ပါသော မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေကို ဆက်လက်စဥ်းစားသုံးသပ်ပေးရန် အထွေထွေ အတွင်းရေးမှုးချုပ်အား တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအ‌‌‌၀ေး (ကုလ ဓာတ်ပုံ)