Select Page

နှစ်ပတ်လည်အစီရင်ခံစာများ

ယန္တရား၏ ဆောင်ရွက်ချက်များနှင့် တွေ့ရှိချက်များအကြောင်း ပိုမိုသိရှိလိုပါက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင်တင်ပြပြီး အထွေထွေညီလာခံသို့ပေးပို့ခဲ့သည့် ယန္တရား၏နှစ်ပတ်လည်အစီရင်ခံစာများကို ဖတ်ရှုနိုင်ပါတယ်။

၂၀၂၃

ယန္တရား၏ ပဉ္စမနှစ်ပတ်လည်အစီရင်ခံစာ  မှ ‌ကောက်နှုတ်ချက်များ

  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း၊ မြန်မာနိုင်ငံတွင် ကြီးလေး သည့် နိုင်ငံတကာရာဇ၀တ်မှု အမှတ်လက္ခဏာဆောင်သောဖြစ်ရပ်များ သိသိသာသာတိုးလာသည်။
  • ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ အလွန်ပျံ့နှံ့ဖြစ်ပွားခဲ့ရာ၊ ထိုကျူးလွန်မှုများသည် အထူးစုံစမ်းစစ်ဆေးရမည့်ကိစ္စတစ်ရပ် ဖြစ်လာသည်။
  • ယန္တရားတွင် စုဆောင်းထားသော မျက်မြင်သက်သေထွက်ဆိုချက်များ သိသိသာသာ တိုးများလာသည်။
  • ယန္တရားသည် ၎င်း၏ ပထမဆုံးသော အရပ်ဘက်လူမှုအဖွဲ့အစည်းဆွေးနွေးပွဲကို စီစဥ်ကျင်းပခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခဲ့သည်။

ဤအစီရင်ခံစာကို အထွေထွေညီလာခံသို့ (A/78/299) ပေးပို့ခဲ့သည်။

နောက်ထပ်အချက်အလက်များအတွက် သတင်းထုတ်ပြန်ချက် နှင့် ယန္တရား၏အကြီးအကဲထံမှအမှာစာ တွင်ကြည့်ပါ။

၂၀၂၂

ယန္တရား၏ စတုတ္ထနှစ်ပတ်လည်အစီရင်ခံစာ  မှ ကောက်နှုတ်ချက်များ

  • ယန္တရားက စိစစ်သုံးသပ်ထားသည့်အထောက်အထားများအရ၊ မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို စနစ်တကျ ဆက်လက်ကျူးလွန်နေသည်။ ဤဆက်လက်ဖြစ်ပေါ်နေသော ပဋိပက္ခများသည် အမျိုးသမီးများ၊ ကလေးများ၊ လိင်တူချစ်သူများ၊ လိင်တူလိင်ကွဲချစ်သူများ၊ လိင်ပြောင်းထားသူများနှင့် လိင်အင်္ဂါမထင်ရှား၊ မကွဲပြားသူများ အသိုက်အဝန်းကို ပြင်းထန်စွာ သက်ရောက်နေသည်။
  • မြန်မာနိုင်ငံတွင် ဖြစ်နိုင်ချေရှိသော ကြီးလေးသည့်နိုင်ငံတကာရာဇ၀တ်မှုအတိုင်းအတာသည် သိသိသာသာ ကျယ်ပြန့်လာသည်။ ထို့ကြောင့် ယန္တရားသည် ဦးစားပေးဆောင်ရွက်ရမည့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ပြန်လည်မွမ်းမံပြီး လိုက်လျော်ညီထွေစွာ ပြင်ဆင်ထားသည်။
  • ယန္တရားသည် အထူးပြုစွမ်းဆောင်ရည်များကို မြှင့်တင်ပြီး နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုလျက်ရှိသည်။ ဤနည်းပညာအကူအညီဖြင့် ရရှိထားသောအချက်အလက် သန်းပေါင်းများ စွာကို စိစစ်သုံးသပ်ကာ၊ ကြီးလေးသည့် နိုင်ငံတကာရာဇ၀တ်မှုများကျူးလွန်ကြောင်း သက်သေပြရန် နှင့် တာဝန်အရှိဆုံးပုဂ္ဂိုလ်များအပေါ် အမှုတည်ဆောက်ရန် လုပ်ဆောင်သည်။

ဤအစီရင်ခံစာကိုလည်း အထွေထွေညီလာခံသို့ (A/77/311) ပေးပို့ခဲ့သည်။

နောက်ထပ်အချက်အလက်များအတွက် သတင်းထုတ်ပြန်ချက် ကိုကြည့်ပါ။

၂၀၂၁

ယန္တရား၏ တတိယနှစ်ပတ်လည်အစီရင်ခံစာ  မှ ကောက်နှုတ်ချက်များ

  • မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း အချက်အလက် အမြောက်အမြားရရှိလာသည်ကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် ယန္တရား၏လုပ်ငန်းများ အားကောင်းစေရေး၊ ချဲ့ထွင်ရေးနှင့် လိုက်လျောညီထွေဖြစ်ရေး အစီအစဉ်များ ချမှတ်ခဲ့သည်။
  • အာဏာသိမ်းမှုမတိုင်မီ ဖြစ်ပွားခဲ့သောဖြစ်ရပ်များနှင့်ပတ်သက်သည့် အထောက်အထားများ စုဆောင်းခြင်းနှင့်စိစစ်သုံးသပ်ခြင်းများကို ဆက်လက်ဆောင်ရွက်သည်။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏အခြေအနေနှင့် အခြားဦးစားပေးအမှုများကို စုံစမ်းစစ်ဆေးမှု တိုးမြှင့်ရန် ယန္တရား၏ အရင်းအမြစ်များနှင့် စွမ်းရည်များကို မဟာဗျူဟာကျကျ ဆက်လက်အသုံးပြုခဲ့သည်။

ဤအစီရင်ခံစာကို  အထွေထွေညီလာခံ (A/76/317) သို့ ပေးပို့ခဲ့သည်။

၂၀၂၀ 

ယန္တရား၏ ဒုတိယနှစ်ပတ်လည်အစီရင်ခံစာ အထူးဖော်ပြချက်များ

  • ယန္တရား၏ ပထမနှစ်လုပ်ငန်းများတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ပြီး၊ ယန္တရား၏စီမံကိန်းများနှင့်လုပ်ငန်းများအရှိန်မြှင့်တင်ခြင်း၊ အဓိကပါဝင်ပတ်သက်သူများနှင့် ထိတွေ့ဆက်ဆံခြင်းများ ဆောင်ရွက်ခဲ့သည်။

ဤအစီရင်ခံစာကို အထွေထွေညီလာခံ (A/75/197) သို့ ပေးပို့ခဲ့သည်။

၂၀၁၉

ယန္တရား၏ ပထမနှစ်ပတ်လည်အစီရင်ခံစာ မှ ကောက်နှုတ်ချက်များ

  • ယန္တရားသည် ကနဦးဦးစားပေးလုပ်ငန်းများ၊ လုပ်ငန်းစတင်ရာတွင် ကြုံတွေ့နိုင်သည့် အဓိကစိန်ခေါ်မှုများနှင့် စုံစမ်းစစ်ဆေးရန်အမှုများရွေးချယ်ခြင်း စသည့်ကဏ္ဍများ ပါဝင်သော မဟာဗျူဟာတစ်ရပ်ကို ချမှတ်ခဲ့သည်။
  • ယန္တရားသည် ၎င်း၏လုပ်ငန်းစတင်လည်ပတ်ရန်နှင့် အပြည့်အဝလှုပ်ရှားဆောင်ရွက်ရန်အတွက် ခြေလှမ်းများ စတင်ခဲ့သည်။

ဤအစီရင်ခံစာကို အထွေထွေညီလာခံ (A/74/278) သို့ ပေးပို့ခဲ့သည်။

နစ်ကိုလပ် ကွန်ဂျီယမ် စတုထ္ထမြောက် နှစ်ပတ်လည် အစီရင်ခံစာကို လူ့အခွင့်အ‌ရေးကောင်စီသို့ ၂၀၂၂ တွင် တင်ပြစဥ် (ကုလ သတင်းဓာတ်ပုံ၊ ပီယာ အာလဘူ)