Select Page

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျူးလွန်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများနှင့် အကြီးလေးဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုများနှင့်ဆိုင်သည့် အထောက်အထားများကို ပြုစုစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ လေ့လာဆန်းစစ်ခြင်းများကို ပြုလုပ်လျက် ရှိပါသည်။ ယန္တရားသည် ရာဇဝတ်မှု ကျူးလွန်သူများ၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို အရေးယူနိုင်မည့် တရားရုံးများ၊ ခုံရုံများတွင် အသုံးပြုနိုင်မည့် ရာဇဝတ်ပြစ်မှုဆိုင်ရာ အမှုတွဲများကို ပြင်ဆင်လျက်ရှိပါသည်။ ဆိုလိုသည်မှာ ယန္တရားသည် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ၊ တရားစွဲဆိုမှုများ လုပ်ဆောင်ရာတွင် အစွမ်းကုန် ကူညီလုပ်ဆောင်ပေးလျက်ရှိပါသည်။ ဥပမာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားမျှတမှု ခုရုံးတို့တွင် လတ်တလော ကြားနာနေသော အမှုများတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ယန္တရားသည် နိုင်ငံတွင်း တရားရုံးများ အပါအဝင် တရားမျှတမှု ဆောင်ကြဥ်‌ပေးနိုင်စွမ်း၊ မျှမျှတတ စစ်ဆေးကြားနာပေးနိုင်စွမ်းရှိသည့် တရားရုံးများနှင့်လည်း ပူးပေါင်း‌ဆောင်ရွက် သွားပါမည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ရာဇဝတ်မှုများ ထပ်မံကျူးလွန်ခြင်းကို ဟန့်တားပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

ရာဇဝတ်မှုကျူးလွန်မှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူများ၊ ထိုရာဇဝတ်မှုများ ကျူးလွန်ရန် ညွှန်ကြားထားသည့် အမိန့်စာ၊ ကြေညာချက်များကို သိမြင်ကြားသိထားသူများထံမှ အချက်အလက်များကို ကျန်ုပ်တို့ ရှာဖွေ ပြုစု စုဆောင်းလျက်ရှိပါသည်။ ဖြစ်ပျက်ခဲ့တာတွေကို မျက်စိ၊ နားဖြင့် ကိုယ်တိုင် မြင်တွေ့ ကြားသိခဲ့သည့် ယောက်ျားများ၊ မိန်းမများ၊ ခလေးသူငယ်များထံမှ ပြောပြချက်များကို ကျွန်ုပ်တို့ ကြားလိုပါသည်။ ကျန်ုပ်တို့အား သတင်းအချက်အလက် ပေးပို့လာသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ထိန်းသိမ်းလျှို့ဝှက်ထားရန် ကျန်ုပ်တို့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ပါသည်။ သင်၏ လုံခြုံရေးကို  ကျန်ုပ်တို့ အထူး အရေးထားသည့်အတွက် ကျန်ုပ်တို့နှင့် ဆက်သွယ်ရာတွင် ဂရုစိုက်ပါ။ ယန္တရား၏ လုပ်ငန်းနှင့်ဆိုင်သည့် သတင်းအချက်အလက်များ ပေးပို့ရာတွင် Signal ဆစ်ဂနယ် တယ်လီဖုန်းအက်ပ (ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ၀၈) ကို အသုံးပြုပါ။ သို့မဟုတ် Protonmail ပရိုတွန်မေး အီးမေးအကောင့်ဖွင့်ပြီး contact@myanmar-mechanism.org အီးမေးလိပ်စာသို့ ပေးပို့ပါ။ ကျန်ုပ်တို့ လက်ခံရရှိသော မက်ဆေ့ချများ အလွန်တရာ များပြားသလို ကျန်ုပ်တို့နှင့် ဆက်သွယ်သူများ၏ လုံခြုံရေးလျှို့ဝှက်ချက်၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာနှင့် ဆိုင်သည့် အချက်များကို ထိန်းသိမ်းပိုင်ခွင့် စသည်တို့ကို ထောက်ချင့်ရသည့်အတွက် မက်ဆေ့ချအားလုံးကို ယန္တရား ဝန်ထမ်းများက ဖတ်ရှု လေ့လာဆန်းစစ်သော်လည်း  ထပ်မံဆက်သွယ်ရန် လိုအပ်သည့် မက်ဆေ့ချများကိုသာ ကျန်ုပ်တို့ ဆက်သွယ်သွားပါမည်။ ကျန်ုပ်တို့ ဆက်သွယ်မှာကို မလိုလားပါကလည်း ကျန်ုပ်တို့ဆီ ပေးပို့သော မက်ဆေ့ချတွင် မဆက်သွယ်ရန် ကြိုတင် အသိပေးထားနိုင်ပါသည်။