ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သည် သူ၏ ၂၀၂၀ ခုနှစ် သြဂုတ်လ အထွေထွေညီလာခံသို့ တင်သွင်းသည့် အစီရင်ခံစာ တွင် ရိုဟင်ဂျာ မူစလင်များ နှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ တင်ပြခဲ့သည်မှာ- “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ လုပ်ငန်းတိုးတက်မှုရှိနေစဉ် ဒေသတွင်းရှိ အဖွဲ့ဝင် နိုင်ငံများ ၏ ပူးပေါင်း ဆောင်ရွက်မှု အထူးသဖြင့် အထူး တလည် အရေးကြီး သည့် မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှု သည် သက်သေများ၊ နစ်နာသူ များနှင့် တွေ့ဆုံရန် အပြင် အခြား သတင်းအချက် အလက် ရရှိရာ ရင်းမြစ်များ ကို ရရှိရန် အတွက် အခရာ ကျမည် ဖြစ်ပါသည်။ ၎င်းအားဖြင့် ယန္တရားသည် မိမိ၏ လုပ်ပိုင်ခွင့်ကို ထိရောက်စွာ အကောင် အထည် ဖော်နိုင်စွမ်း မည်ဖြစ်သော ကြောင့် ၂၀၁၁ ခုနှစ်ကစ၍ မြန်မာနိုင်ငံ၌ ကျူးလွန် ခဲ့သည့် ကြီးလေး သော အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှု များအတွက် တာဝန်ခံမှုကို ဆောင်ရွက် ပေးနိုင်မည် ဖြစ်ပြီး အနာဂတ် ရာဇဝတ်မှု များကို ဟန့်တား ပေးနိုင်မည် ဖြစ်သည်။”
အထွေထွေ အတွင်းရေးမှူးချုပ် က ထပ်မံ ဖြည့်စွက် ၍ တင်ပြခဲ့သည်မှာ- “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ လူထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှု မှာ အလွန် ပဓာန ကျပါသည်၊ တာဝန်ခံမှု မရှိသည့် ငြိမ်းချမ်းရေး နှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် ကြိုးပမ်း အားထုတ်မှု များမှာ လျော့ပါး သွားပါလိမ့်မည်။” အထွေထွေ အတွင်းရေးမှူးချုပ် သည် မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံ များအား ဤယန္တရား အပါအဝင် ရှိရင်းစွဲ တာဝန်ခံ မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများ နှင့်အညီ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် ပေးကြရန် တောင်းဆို လိုက်ပါသည်။
အထွေထွေ အတွင်းရေးမှူးချုပ်သည် သူ၏ ၂၀၂၁ ခုနှစ် မတ်လ လုံခြုံရေးကောင်စီ သို့ တင်သွင်း သည့် အစီရင်ခံစာ တွင် လိင်ဆိုင်ရာ အကြမ်းဖက်မှု နှင့် ဆက်စပ်သည့် ပြဿနာ နှင့် ပတ်သက်၍ “ချက်ချင်း၊ အပြည့်အဝ၊ ကန့်သတ်ချက်မရှိ၊ စောင့်ကြပ်ကြည့်ရှုခြင်းမရှိဘဲ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အပါအဝင်၊ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ဝင်ရောက်ခွင့်” ကို တောင်းဆိုလိုက်ပါသည်။
Recent Comments