Select Page

နိုင်ငံတကာဥပဒေမူဘောင်

ယန္တရား၏ လုပ်ပိုင်ခွင့်မှာ (၂၀၁၁)ခုနှစ်မှစ၍၊ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို မြန်မာနိုင်ငံတွင်း ကျူးလွန်ခဲ့မှုနှင့် ပတ်သက်သည့် အချက်အလက်၊ စာရွက်စာတမ်းနှင့် အထောက်အထားများအား စုဆောင်း၊ ပေါင်းစည်း၊ ထိန်းသိမ်း၍ စိစစ်သုံးသပ်ရန် ဖြစ်ပါသည်။ ယန္တရား၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များတွင် ‌ဖော်ပြထားသည့်အတိုင်း၊ အလေးနက်ဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများဆိုသည်မှာ အဓိကအားဖြင့်၊ ဂျန်နိုဆိုက် (ခေါ်) လူမျိုးပြုန်းတီးစေသည့် ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် တခြား အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေတို့အား ပြင်းထန်စွာ ချိုးဖောက်မှုများပါဝင်သည်။ ထိုရာဇဝတ်မှုများသည် သက်ဆိုင်ရာ နိုင်ငံတကာဥပဒေရင်းမြစ်များတွင် ဖော်ပြထားသည့်အတိုင်း အဓိပ္ပာယ်ရသည်။

ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ

  • စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ နှင့် ဂျန်နိုဆိုက် (ခေါ်) လူမျိုးပြုန်းတီးစေမှု အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၏ ရောမ သဘောတူစာချုပ် အပိုဒ် ၆၊ ရ၊ ၈ တို့တွင် လေ့လာနိုင်သည်။
  • စစ်ရာဇ၀တ်မှု၊ လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှုနှင့် ဂျန်နိုဆိုက် (ခေါ်) လူမျိုးပြုန်းတီးစေမှု တို့၏ အခြေခံလက္ခဏာများကို အသေးစိတ် ဖော်ပြချက်ကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး အဖွဲ့၀င်နိုင်ငံများက သဘောတူ လက်ခံထားသော ရာဇ၀တ်မှုများ၏ အခြေခံလက္ခဏာများတွင် လေ့လာနိုင်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား ပြင်းထန်စွာ ချိုးဖောက်မှုများ

  • နိုင်ငံတကာလူအခွင့်ရေးဥပဒေ ချိုးဖောက်မှုအတွက် ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ခြုံငုံသုံးသပ်ချက်ကို လေ့လာနိုင်သည်။
  • နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ၏ ခြုံငုံသုံးသပ်ချက်ကို ကိုလေ့လာနိုင်သည်။