Select Page

ပြည်သူသို့ ဆက်သွယ်ခြင်း

(၄၂) ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ ပုံမှန်အစည်းအ‌‌‌၀ေး၏ သီးခြား ဆွေးနွေးပွဲ (Legal Action Worldwide)

မိမိတို့၏ လုပ်ပိုင်ခွင့်၊ မဟာဗျူဟာများနှင့် ရလဒ်များကို ပါဝင်ပတ်သက်သူပေါင်းစုံ၊ အထူးသဖြင့် မျက်မြင်သက်သေများနှင့် နစ်နာသူအုပ်စုများအား အစဉ်လိုက်၊ အဆက်လိုက် ရှင်းလင်းတင်ပြပြီး၊ ဆက်သွယ်ပြောကြားနိုင်ရန် ယန္တရားက သေချာစွာ ကြိုးပမ်းဆောင်ရွက်နေသည်။ ဤလုပ်ငန်းများက ယန္တရားအကြောင်း နားလည်စေရန်နှင့် လက်တွေ့ကျသော မျှော်မှန်းချက်များ ထားရှိနိုင်စေရန် ရည်ရွယ်ပါသည်။ ထိုမှတဆင့်၊ ယန္တရား၏ လုပ်ပိုင်ခွင့်ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ၎င်းတို့က ကူညီထောက်ပံ့နိုင်ပါလိမ့်မည်။ အစကတည်းက၊ ယန္တရားသည် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများနှင့် ပွင့်လင်းသော ဆက်သွယ်‌‌ရေးလမ်းကြောင်းကို ကြိုးစားဖွင့်လှစ်ထားပါသည်။ ထိုသို့ လုပ်ဆောင်ထားခြင်းဖြင့် ယန္တရား၏ လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး ၎င်းတို့ထံမှ အကြံပြုချက်များနှင့် အမှုတွဲတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်များကို ရရှိရန် ဖြစ်သည်။

(၂၀၁၉)ခုနှစ်၊ သြဂုတ်လတွင် ယန္တရား လုပ်ငန်းစတင် လည်ပတ်လာစဉ်က အစောဆုံး ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တစ်ခုမှာ လူထုနှင့် ထိတွေံဆက်သွယ်‌ခြင်းလုပ်ငန်းများနှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းဗျူဟာတစ်ရပ်ကို ရေးဆွဲရန်ဖြစ်သည်။ ဂျီနီဗာမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကနဦး တရားဝင် ခရီးထွက်စဉ်ကလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အတော်များများနှင့် ယန္တရားက တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံ၏ အချက်အချာကျသောနေရာများနှင့် အခြားဒေသများရှိ အသိုင်းအဝိုင်းများတွင် ယန္တရား၏ ထူးခြားသော အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်တို့ကို သေချာစွာနားလည်စေရန်အတွက် ခိုင်မာသော ဆက်သွယ်ရေးအားထုတ်မှုများ လိုအပ်ကြောင်း ထိုတွေ့ဆုံပွဲများမှတဆင့် သိရှိခဲ့သည်။ (၂၀၂၀)ပြည့်နှစ် ပထမသုံးလပတ်ကာလအတွင်း၊ ယန္တရားက မြန်မာနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လှုပ်ရှားသူများကို ဦးတည်၍ သဘောထားအမြင် စာရင်းကောက်ယူခဲ့သည်။ ထိုသို့စာရင်းကောက်ယူမှု၏ ရည်ရွယ်ချက်နှစ်ရပ်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရှိ အများပြည်သူလူထုနှင့် ၎င်း၏ ပြည်ပရောက် အသိုင်းအဝိုင်းများကြားတွင် ယန္တရားကို မည်ကဲ့သို့ နားလည်သဘောပေါက်ထားသည်ကို သိရှိနိုင်ရန်နှင့် ဖြေကြားသူ များအား မေးခွန်းများမေးရန် အခွင့်အလမ်းပေးကာ၊ ယန္တရား၏ ကမ်းလင့်ဆက်သွယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မဟာဗျူဟာများကို ရေးဆွဲရာတွင် အသိပေးနိုင်မည့် ၎င်းတို့၏ တုံ့ပြန်ချက်များကို ရယူရန်ဖြစ်သည်။

ဤကနဦးကြိုးပမ်းမှုများကို အခြေခံ၍၊ ယန္တရားသည် အသိုင်းအဝိုင်း အမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံရန် အားလုံးကို ခြုံငုံနိုင်သော အစီအစဥ် တစ်ခုကို စတင်ရေးဆွဲခဲ့သည်။ ၎င်း အစီအစဥ်တွင် အထူးသတ်မှတ်ထားသော ထိတွေ့ဆက်ဆံမှုဖိုရမ် လုပ်ဆောင်ရန်၊ ဘာသာစကားပေါင်းစုံဖြင့် ဖော်ပြထားသော ၀က်ဆိုက် ထုတ်လွင့်ခြင်း၊ ဆိုရှယ်မီဒီယာစာမျက်နှာအသုံးပြုခြင်း၊ ယန္တရားနှင့် သက်ဆိုင်သော အချက်အလက်များကို ဖြန့်ဝေပေးမည့် သတင်းလွှာ ပုံမှန် ထုတ်‌‌‌‌ဝေခြင်း၊ အခြား သတင်းအချက်အလက်ဆိုင်ရာ နည်းလမ်းများနှင့် ပစ္စည်းများ ထုတ်‌ဝေခြင်းတို့ ပါဝင်သည်။