လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများက ရခိုင်ပြည်နယ်သို့ လုံခြုံစွာပြန်ရန် အတားအဆီးဖြစ်နေ
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား၏ ထုတ်ပြန်ကြေညာချက်
၂၄ စက်တင်ဘာလ ၂၀၂၆ - မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားမှ ကောက်ယူစုဆောင်း ဆန်းစစ်ထားသည့် ခိုင်လုံသော အထောက်အထားများအရ မြန်မာတစ်နိုင်ငံတဝှမ်းတွင် ဆိုးရွားသော နိုင်ငံတကာရာဇဝတ်မှုကျူးလွန်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပါသည်။
ရခိုင်ပြည်နယ်ရှိအနေအထားမှာ ပြည်သူလူထုများအတွက် မတည်ငြိမ်ဘဲ အလွန်အမင်း အန္တရာယ်ရှိနေဆဲဖြစ်ပါသည်။ ပဋိပက္ခများအကြား ပြည်သူလူထုအနေဖြင့်လည်း မကြာခဏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ၊ နှိပ်စက် သတ်ဖြတ်ခြင်းများ၏ သားကောင်များ ဖြစ်ကြရပါသည်။ နေရာအနံ့အပြားတွင်လည်း ပြည်သူလူထုအနေဖြင့် အခြေခံလိုအပ်ချက်များ မရှိဘဲ လူသားချင်းစာနာမှု အကူအညီများမှာလည်း ပိတ်ဆို့ခံနေရပါသည်။
ယန္တရားအနေဖြင့် လတ်တလော ဒေသတွင်းအစိုးရများမှ ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများမှထွက်ပြေးလွတ်မြောက်လာသူများနေရပ်သို့ပြန်ပို့နိုင်ရေးနှင့် စပ်လျဥ်းသည့် ထုတ်ပြန်ကြေညာချက်များကို သတိပြုမိပါသည်။ ရခိုင်ပြည်နယ်ရှိ အခြေအနေများမှာ ၎င်းတို့လုံခြုံစိတ်ချစွာ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ရေရှည်တည်တံ့ခိုင်မြဲစွာပြန်နိုင်ငရန် အထောက်အကူ ဖြစ်မနေသေးပါ။ ယခုကဲ့သို့ နေရပ်ပြန်ပို့ခြင်းများ မတိုင်မီ မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုများ ပြင်းထန်စွာခံစားနေရသည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရမည်ဖြစ်သည်။
န်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။
ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။