ပြင်သစ်နှင့် မြန်မာယန္တရားတို့ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူစာချုပ်ချုပ်ဆို
၂၈ ရက် မေလ ၂၀၂၆ ခုနှစ် - မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားနှင့် ပြင်သစ်နိုင်ငံတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူစာချုပ် ကို ချုပ်ဆိုခဲ့ပါသည်။ ၎င်းမှာ ဇူလိုင်လ ၁ ရက်နေ့ ၂၀၂၆ ခုနှစ်တွင် စတင်သက်ဝင်မည်ဖြစ်ပါသည်။
သဘောတူညီချက်စာချုပ်အားဖြင့် ယန္တရားနှင့် ပြင်သစ်အာဏာပိုင်များအား မြန်မာနိုင်ငံတွင် ကျူးလွန်ထားသည့် ဆိုးရွားသော နိုင်ငံတကာ ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဥပဒေမူဘောင်တစ်ရပ်ကို စတင်ထားရှိမည်ဖြစ်ပါသည်။ ယန္တရားအနေဖြင့် ပြင်သစ်နိုင်ငံတွင်ရှိသော အချက်အလက်အများနှင့် သက်သေများအား လက်လှမ်းမှီရန်တောင်းဆိုနိုင်သလို၊ ပြင်သစ်နိုင်ငံအနေဖြင့်လည်း ယန္တရားထံမှ အချက်အလက်များကို ၎င်းတို့၏ တရားစီရင်ရေးရေးလုပ်ငန်းစဥ်များအတွက် တောင်းခံနိုင်မည်ဖြစ်သည်။ ယခုသဘောတူညီချက်သည် ယခင်ဥပဒေတွင် ဆောင်ရွက်မရနိုင်ခဲ့သည့် ပြင်သစ်တရားရုံးများမှ အချက်အလက်များအား ယန္တရားထံသို့ ပေးပို့ခြင်းကို ယခုသိသာစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။
ယခုတိုးတက်မှုသည် ယန္တရား၏ဆောင်ရွက်ချက်များအတွက် အရေးကြီးသည့် မှတ်ကျောက်တစ်ခုဖြစ်သည်။ အမျိုးသားတရားစီရင်ရေးစနစ်များအနေဖြင့် ယန္တရားကဲ့သို့သော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် သီးခြားဥပဒေ အစီအမံများ လိုအပ်ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုသည် တာဝန်ခံမှု ဆောင်ရွက်ချက်များအား တိုးမြှင့်ဆောင်ရွက်ရာတွင် မရှိမဖြစ်ဖြစ်သည်။
ပြင်သစ်နိုင်ငံအနေသည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး ဆောင်ရွက်ချက်များအား ကြာရှည်စွာ ထောက်ပံ့ပေးသည့်အပြင် ဆိုးရွားသောနိုင်ငံတကာ ရာဇဝတ်မှုများကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးဖြင့် စုံစမ်း တရားစွဲဆိုခြင်းများပြုလုပ်ရာတွင်လည်း အတွေ့အကြုံရှိသည်။