Select Page

လုပ်ငန်းစဉ်

The Mechanism:

မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ်နောက်ပိုင်းကျူးလွန်ခဲ့သော အကြီးလေးဆုံးနိုင်ငံတကာရာဇ၀တ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုဆိုင်ရာ အချက်အလက်များနှင့်အထောက်အထားများကို စုဆောင်းထိန်းသိမ်း ပါသည်။ ဤရာဇ၀တ်မှုများတွင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုနှင့် လူမျိုး ပြုန်းစေမှု တို့ပါဝင်ပါသည်။

ယန္တရားသည် ရင်းမြစ်များစွာမှရရှိသော ထုတ်ပြန်ချက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက် စာတမ်းများ၊ မြေပုံများ၊ ဂြိုဟ်တုပုံရိပ်များ၊ ဆိုရှယ်မီဒီယာသတင်းများနှင့် မှုခင်းဆေးပညာဆိုင်ရာ အထောက် အထားများ မပျောက်ဆုံး၊ မပျက်စီးခင် စုဆောင်းပါသည်။ ထို့နောက် ယင်းအထောက်အထားများကို တရားရုံးတွင် အသုံးပြုနိုင်ရန် လုံခြုံသောနည်းလမ်းတို့ဖြင့် သိမ်းဆည်းထားပါသည်။

စွပ်စွဲထားသော ရာဇ၀တ်မှုများနှင့် ကျူးလွန်သူများ၏ အမှုတွဲများပြင်ဆင်ရန် အချက်အလက်နှင့်အထောက် အထားများကို စိစစ်သုံးသပ်ပါသည်

ယန္တရားသည် ပြစ်မှုကျူးလွန်သည်ဟုစွပ်စွဲခံရသူများ၏ အမှုတွဲများတည်ဆောက်ရန် အချက်အလက်နှင့် အထောက်အထားများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ အတည်ပြုခြင်းနှင့် စိစစ်သုံးသပ်ခြင်းများ ပြုလုပ်ပါသည်။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများနှင့်စံနှုန်းများကို လိုက်နာပြီး သက်သေများကို အကာအကွယ်ပေးနိုင် စွမ်းရှိသည့် နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ တရားရုံးများ သို့မဟုတ် ခုံရုံးများထံ အထောက် အထားများ၊ စိစစ်သုံးသပ်ချက်များနှင့် အမှုတွဲများကို မျှဝေပါသည်။

သက်ဆိုင်ရာတရားစီရင်ရေးအာဏာပိုင်များသည် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများအတွက် ယန္တရား၏အကူအညီကို ယခုသို့မဟုတ်နောင်တချိန်တွင် တောင်းဆိုနိုင်ပါသည်။ ယန္တရားသည် အချက်အလက်ပေးသူများ၏ သဘောတူခွင့်ပြုချက်ဖြင့်သာ အချက်အလက်များကို မျှဝေပေးမည်ဖြစ်ပါသည်။

အသက်ရှင်ကျန်ရစ်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများအား ယန္တရား ၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းများအကြောင်း ရှင်းပြပြောဆိုပါသည်။

ယန္တရားသည် အချက်အလက်နှင့်အထောက်အထားပေးပို့နိုင်သူများ၊ ယန္တရား၏လုပ်ပိုင်ခွင့်များ အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်သူများနှင့် ပုံမှန်ဆက်သွယ်ပါသည်။ ရရှိထားသော အကြံပြုချက်များသည် ယန္တရား၏လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေပြီး မြေပြင်တွင်အထောက်အထားစုဆောင်းနေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ပိုမိုနားလည်စေပါသည်။