သက်သေများ သိထားသင့်သည့် အကြောင်းအရာများအတွက် ရှင်းလင်းချက်စာစောင်အသစ်
Body
၁၂ ဇွန်။ ။မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအတွက် သက်သေအဖြစ် ဆောင်ရွက်လိုသူများ သိထားသင့်သည့် အချက်အလက်များကို ရှင်းပြထားသည့် ရှင်းလင်းချက်စာစောင်အသစ်ကို ယန္တရားက ယနေ့ ထုတ်ဝေလိုက်သည်။
ဤစာစောင်တွင် အင်တာဗျူးအတွက် ဆောင်ရွက်ချက်များ၊ လျှို့ဝှက်စွာထားရှိမှု၊ သိရှိနားလည်၍ပေးအပ်သော သဘောတူညီခွင့်ပြုမှု၊ သက်သေများအား ပံ့ပိုးကူညီမှု၊ အချက်အလက်နှင့် အထောက်အထားများအား အသုံးပြုပုံ ကဲ့သို့ လူမေးများသည့် အကြောင်းအရာများကို ရှင်းပြထားသည်။ စာစောင်အသစ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဒေါင်းလုပ်ရယူနိုင်ပြီဖြစ်သည်။