သက်သေများကို တွေ့ဆုံမေးမြန်းသည့်အကြောင်းကို ရိုဟင်ဂျာဘာသာဖြင့် ရှင်းပြထားသည့် ဗီဒီယိုများ ထုတ်ပြန်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၃။ ။ သက်သေများအနေဖြင့် ယန္တရားနှင့် တွေ့ဆုံမေးမြန်းရာတွင် ဘယ်အရာများကို မျှော်လင့်ထားနိုင်ကြောင်း ရိုဟင်ဂျာဘာသာဖြင့် ရှင်းပြထားသည့် ဗီဒီယို ၁၀ ခုကို ယနေ့ ထုတ်ပြန်လိုက်သည်။ ယင်းဗီဒီယိုများတွင် အောက်ပါ အကြောင်းအရာများကို ရှင်းပြထားသည်။
ယန္တရားဆိုတာ ဘယ်သူတွေလဲ၊ ဘာကြောင့်အခုလို ပြောဆိုမေးမြန်းနေတာလဲ။
စုံစမ်းစစ်ဆေးသူက ဘာတွေ လုပ်ပါသလဲ။
စကားပြန်က ဘာတွေ လုပ်ပါသလဲ။
အထောက်အထားဆိုတာ ဘာလဲ။
တရားရုံးဆိုတာဘာလဲ။
သက်သေဆိုတာ ဘယ်သူလဲ၊ သက်သေထွက်ဆိုချက်ဆိုတာကရော ဘာလဲ။
အကြောင်းအရာတစ်ခုခုကို မသိရင် ဒါမှမဟုတ် သတိမရတော့ရင် ဘယ်လိုလုပ်မလဲ။
အင်တာဗျူးဖြေဆိုတဲ့ကာလအတွင်းမှာ ဘယ်လို ပံ့ပိုးမှုတွေရနိုင်သလဲ။
“သိရှိနားလည်၍ပေးအပ်သော သဘောတူခွင့်ပြုချက်” နဲ့ “လျှို့ဝှက်စွာထားရှိမှု” ဆိုတာ ဘာလဲ။
မျှဝေပေးလိုက်တဲ့အချက်အလက်တွေကို ယန္တရားက ဘယ်လို ဆက်ပြီးကိုင်တွယ်သလဲ။
ဗီဒီယိုတွေကို ဒေါင်းလုပ်ရယူနိုင်ပြီး ကြည့်ရှုကာ တဆင့်ပြန်လည်မျှဝေနိုင်ပါပြီ။ စာမျက်နှာ ၂ မျက်နှာပါ အချက်အလက်စာစောင်ကိုလည်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရယူနိုင်သည်။