Select Page

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား

မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူများကို တရားစီရင်နိုင်ရန် လိုအပ်သော အထောက်အထားများ စုဆောင်းခြင်း

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM သို့မဟုတ် ယန္တရား) သည် မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့်   ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးအတွက် ဦးတည်လုပ်ဆောင်လျက်ရှိသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေး ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ယန္တရားကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ယန္တရားသည် အထောက်အထားများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့်  စိစစ်သုံးသပ်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပြီး အမှုတွဲများ ပြင်ဆင်ပါသည်။ ထို့နောက် ပြစ်မှုကျူးလွန်သူများအား တရားစွဲဆိုရာတွင် အသုံးပြုရန်အတွက် သက်ဆိုင်ရာ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာတရားရုံးများ၊ သို့မဟုတ် ခုံရုံးများထံ ယင်းအမှုတွဲများ မျှဝေပါသည်။

IIMM ၏ စိစစ်သုံးသပ်ချက် အစီရင်ခံစာများ ထုတ်ပြန်ခြင်း

မြန်မာစစ်တပ်၏ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေသည့် လှုပ်ရှားမှု၊ မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးရန် ပျက်ကွက်မှုနှင့် သက်ဆိုင်သည့် အစီရင်ခံစာများ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော...

ယန္တရား၏လုပ်ငန်းများကို သရုပ်ဖော်ဇာတ်လမ်းအသစ်များဖြင့် ရှင်းလင်းတင်ပြ

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၄။ ယန္တရားသည် အများပြည်သူအား ၎င်း၏လုပ်ငန်းစဥ်များကို ရှင်းပြရာတွင် ရိုးရှင်းပြီး အမြင်အားဖြင့် ဆွဲဆောင်မှုရှိစေရန် သရုပ်ဖော်ဇာတ်လမ်းအသစ် သုံးပုဒ် ထုတ်လုပ်ခဲ့သည်။ အဆိုပါ သရုပ်ဖော်ဇာတ်လမ်းများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဒေါင်းလုပ်ရယူပြီး...

မြန်မာနိုင်ငံတွင် စနစ်ချလုပ်ဆောင်သည့် အကြမ်းဖက်မှုများ ပျံ့နှံ့ဖြစ်ပွားခြင်း သုံးနှစ်ရှိလာချိန်တွင် ကျူးလွန်သူများ၏ ပြစ်မှုကို ညွှန်ပြနေသည့် အထောက်အထားများ ပိုမိုတွေ့လာရ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအကြီးအကဲ Nicholas Koumjian ၏ ထုတ်ပြန်ချက် ဂျီနီဗာ၊ ၂၀၂၄ ဇန်နဝါရီ ၃၀ - မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုများကို...

မြန်မာပြည်မှာ အကြမ်းဖက်ရက်စက်မှုများ နောက်နှစ်နှစ်ထပ်တွေ့ခဲ့ရပြီးသကာလ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား အကြီးအကဲ Nicholas Koumjian ၏ ထုတ်ပြန်ချက် ဂျီနီဗာ၊ ဖေဖေါ်ဝါရီ ၁၊ ၂၀၂၃ ခုနှစ် – ယနေ့သည် မြန်မာစစ်တပ်မှ တင့်ကားများ လမ်းမများပေါ် စေလွှတ်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားသည့်လုပ်ရပ်  နှစ်နှစ်တိတိ...

မြန်မာနိုင်ငံမိုဆိုရွာအနီး ခရစ္စမတ်အကြိုတိုက်ခိုက်မှုဖြစ်ပွားပြီး တစ်နှစ်အကြာ– မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Nicholas Koumjian ၏ ထုတ်ပြန်ချက်

ဒီဇင်ဘာလ ၂၃၊ ၂၀၂၂ ခုနှစ် - ဖရူဆိုမြို့နယ် မိုဆိုရွာအနီးရှိလမ်းပေါ်တွင် အနည်းဆုံးကလေးတစ်ဦး အပါ အဝင် လူအယောက် ၃၀ အသတ်ခံရပြီး အလောင်းများမီးရှို့ခံရမှု အဖြစ်အပျက် မနက်ဖြန် တစ်နှစ်ပြည့်ပြီ။ ကုန်လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု...

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်မှုကိုတပ်မှူးများတွင် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိသော စစ်ရာဇဝတ်ကျူးလွန်မှု အဖြစ်ယူဆနိုင်သည် – မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သော စုံစမ်းစစ်ဆေးမှု ယန္တရား

ဂျီနီဗာ၊ စက်တင်ဘာ ၂၇၊ ၂၀၂၂ ခုနှစ်- မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခု တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမရှိစိစစ်ရန် အထောက်အထားများ...

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအကြီးအကဲ Mr. Nicholas Koumjian ၏ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့်စာတမ်း

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် လေးစားရသည့် ဥက္ကဋ္ဌကြီးနှင့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား… မြန်မာနိုင်ငံ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ စတုတ္ထနှစ်ပတ်လည် အစီရင်ခံစာကို တင်ပြရခြင်းအတွက် ဂုဏ်ယူမိပါသည်။ ဤကောင်စီက ကျွန်ုပ်တို့အဖွဲကို မြန်မာနိုင်ငံတွင်း...

တရားမျှတမှုရရှိရေးတိုက်ပွဲ – မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအများအပြား နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ငါးနှစ်အကြာ

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား အကြီးအကဲ Nicholas Koumjian ၏ ပြောကြားချက် ဂျီနီဗာ၊၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက် - လွန်ခဲ့သော ၅ နှစ် ဤနေ့တွင်၊  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူဦးရေအများစုကို အမြစ်လှန်ပစ်ခဲ့သည့် အကြမ်းဖက်မှုလှိုင်းတစ်ခု...

သတင်းထုတ်ပြန်ချက်: မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ မြင့်တက်လာသည်နှင့်အမျှ အမျိုးသမီးများနှင့်ကလေးများကို ပြင်းထန်စွာထိခိုက်စေကြောင်း မြန်မာယန္တရား၏ နှစ်စဥ် အစီရင်ခံစာမှ ဖော်ပြခြင်း

ဂျီနီဗာ၊ ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက် - မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စနစ်တကျ ကျူးလွန်နေဆဲဖြစ်ပြီး၊ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ သည်  အမျိုးသမီးများနှင့် ကလေးများအပေါ် ပြင်းထန်စွာ ထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော...