သတင်းလွှာ
ဇွန် ၂၀၂၅

အတွဲ ၁၄ သတင်းလွှာမှ ကောက်နှုတ်ချက်များ
- ယန္တရား၏ အထောက်အထားနှင့် စိစစ်သုံးသပ်ချက်များအား တရားစီရင်ရေးအာဏာပိုင်အသစ်တစ်ခုနှင့် မျှဝေရန် လုပ်ဆောင်ခြင်း
- ယန္တရား၏ မဟာဗျူဟာစီမံကိန်းအသစ်
- ယန္တရားက ကျူးလွန်သူများအား စုံစမ်းစစ်ဆေးပုံ
ဖေဖေါ်ဝါရီ ၂၀၂၅

အတွဲ ၁၃ သတင်းလွှာမှ ကောက်နှုတ်ချက်များ -
- ယန္တရားအကြီးအကဲ၏ ဘင်္ဂလားဒေ့ရှ်သို့ တရားဝင်ခရီးစဥ်အတွင်း ဒါကာမြို့၌ အစိုးရအရာရှိများ၊ ကော့ဘဇား၌ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများ လူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်း
- ကလေးများအား ကျူးလွန်သော ရာဇဝတ်မှုများကို ယန္တရားက စုံစမ်းစစ်ဆေးနေပုံ
- နိုင်ငံတွင်းနှင့် နိုင်ငံတကာတရားရုံးများရှိ ရိုဟင်ဂျာဆိုင်ရာအမှုများ၏ နောက်ဆုံးအခြေအနေများ
အောက်တိုဘာ ၂၀၂၄

အတွဲ ၁၂ သတင်းလွှာမှ ကောက်နှုတ်ချက်များ-
- သတင်းပေးပို့မှု နှင့် မှတ်တမ်းတင်မှုအားနည်းသော မျိုးပွားခြင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် လိင်နှင့် ဂျင်ဒါအခြေပြု ရာဇဝတ်မှုများကို ယန္တရားက စုံစမ်းစစ်ဆေးနေမှု
- လက်နက်များ၊ ကျူးလွန်သူများနှင့် သီးခြားရာဇ၀တ်မှုများအကြား ချိတ်ဆက်မှုများကို ဖော်ထုတ်ရန် ယန္တရားက လက်နက်များကို ဆန်းစစ်နေမှု
ဇွန် ၂၀၂၄

အတွဲ ၁၁ သတင်းလွှာမှ ကောက်နှုတ်ချက်များ-
- ယန္တရား၏ ဒုတိယအကြိမ်မြောက် လူကိုယ်တိုင်တက်ရောက်ရသည့် အရပ်ဖက်လူမှုအဖွဲ့အစည်း ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် မေလတွင် ကျင်းပခြင်း
- မြန်မာနိုင်ငံရှိ ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများနှင့် ပတ်သက်ပြီးကမ္ဘ့ာနေရာတိုင်းတွင် တရားစီရင်ပိုင်ခွင့်ဆိုင်ရာအမှုများ၏ တိုးတက်မှုအခြေအနေ
ဧပြီ ၂၀၂၄

အတွဲ (၁၀) သတင်းလွှာမှ ကောက်နုတ်ချက်များ
အိုင်စီစီရှိလုပ်ငန်းများအပါအဝင် လက်ရှိဆောင်ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကိုပံ့ပိုးရန်အတွက် ယန္တရား၏အချက်အလက်မျှဝေခြင်းနှင့် စိစစ်သုံးသပ်ချက်ဆိုင်ရာ နောက်ဆုံးရသတင်းအခြေအနေများ တင်ပြခြင်း။
ယန္တရား၏လုပ်ငန်းများကို သရုပ်ဖော်ပုံဖြင့်ရှင်းပြသည့် ဇာတ်လမ်းသုံးခု ထုတ်ဝေခြင်း။
အောက်တိုဘာ ၂၀၂၃

အတွဲ (၉) သတင်းလွှာမှ ကောက်နုတ်ချက်များ
ရိုဟင်ဂျာများအပေါ်ကျုးလွန်သည့်ရာဇ၀တ်မှုများနှင့်ပတ်သက်၍ အိုင်စီဂျေ၊ အိုင်စီစီနှင့် အာဂျင်တီးနားတရားရုံးများတွင် တရားစွဲဆိုမှုများလုပ်ဆောင်နေသည့် တရားရေးအာဏာပိုင်များထံ မျှဝေထားသော စိစစ်သုံးသပ်ချက်အစီရင်ခံစာ သုံးစောင်ထုတ်ပြန်ခြင်း။
လိင်နှင့်ဂျင်ဒါအခြေပြုရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများတွင် ယန္တရား၏ချဉ်းကပ်မှုကို တင်ပြခြင်း။
ဇွန် ၂၀၂၃

အတွဲ (၈) သတင်းလွှာမှ ကောက်နုတ်ချက်များ
ယန္တရား၏ ပထမဆုံး အရပ်ဘက်လူမှုအဖွဲ့အစည်းများဒိုင်ယာလော့ကို ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပခဲ့ပြီး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၂၀ ဦးနှင့် ဆွေးနွေးခဲ့ခြင်း။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် နောက်ပိုင်းဖြစ်ခဲ့သည့် ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှုများကို ပံ့ပိုးကူညီမှုများ သို့မဟုတ် ထိုရာဇဝတ်မှုများမှ အကျိုးဖြစ်ထွန်းခဲ့မှုများနှင့်ပတ်သက်၍ ယန္တရား၏ ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးမှုများကို အစီအစဥ်ချခြင်း၊ အွန်လိုင်းပေါ်ရှိ အများပြည်သူရရှိနိုင်သော သတင်းအချက်အလက်များကို ရှာဖွေခြင်း၊ စိစစ်သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း။
အောက်တိုဘာ ၂၀၂၂

အတွဲ (၇) သတင်းလွှာမှ ကောက်နုတ်ချက်များ
COVID-19 ကြောင့် ကန့်သတ်ထားခဲ့သည့်ခရီးသွားလာမှုများဖြေလျှော့သွားပြီးနောက်၊ မျက်မြင် သက်သေများနှင့် လူကိုယ်တိုင်တွေ့ဆုံမေးမြန်းမှုများ တိုးမြှင့်ခြင်း။
ယန္တရား၏အကြီးအကဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လုပ်ငန်းခရီးစဥ်သွားရောက်ခဲ့ပြီး၊ ဒါကာနှင့် ကော့စ်ဘဇားရှိ ရိုဟင်ဂျာကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော်နှင့် အပြန်အလှန်ဆွေးနွေးမှု ခြောက်ကြိမ် ပြုလုပ်ခဲ့ခြင်း။