မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) သည် မြန်မာနိုင်ငံတွင် ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးအတွက် ဦးတည်လုပ်ဆောင်လျက်ရှိသည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျူးလွန်သည့် ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ယန္တရားကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
ယန္တရားသည် အထောက်အထားများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စိစစ်သုံးသပ်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ပြီး အမှုတွဲများပြင်ဆင်ပါသည်။ ထို့နောက် ပြစ်မှုကျူးလွန်သူများအား တရားစွဲဆိုရာတွင် အသုံးပြုရန်အတွက် သက်ဆိုင်ရာ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာတရားရုံးများ၊ သို့မဟုတ် ခုံရုံးများထံ ယင်းအမှုတွဲများ မျှဝေပါသည်။