မဟာဗျူဟာစီမံကိန်း

၂၀၂၅-၂၀၂၇ မဟာဗျူဟာစီမံကိန်းတွင် သုံးနှစ်တာကာလအတွင်း ယန္တရား၏ အဓိကဦးတည်ချက်များနှင့် ဦးစားပေးလုပ်ငန်းများကို သတ်မှတ်ထားသည်။ ယန္တရား၏ လုပ်ဆောင်ချက်များသည် အဖွဲ့၏ လုပ်ပိုင်ခွင့်များ၊ မြန်မာနိုင်ငံအတွင်း ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် လမ်းညွှန်ပေးသည့် ဗျူဟာမြောက်ချဥ်းကပ်မှုများကို ဤမဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသည်။  

 

ဦးတည်ချက်များ 

၂၀၂၅-၂၀၂၇ ခုနှစ်အတွက် အခြေခံဦးတည်ချက် ၃ ရပ် သတ်မှတ်ထားသည်။ 

၁။ ယန္တရား၏ အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို တရားမျှတမှုနှင့် တာဝန်ခံမှုရရှိရေး ကြိုးပမ်းအားထုတ်မှုများတွင် အသုံးပြုမည်။

၂။ ယန္တရားသည် သက်သေများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် တိုးချဲ့ချိတ်ဆက်မည်။  

၃။ အဖွဲ့အစည်းအနေဖြင့် အခက်အခဲများကို ရင်ဆိုင်နိုင်စွမ်းရှိပြီး လိုက်လျောညီထွေ လုပ်ဆောင်နိုင်ရန် ပြင်ဆင်မည်။ 

 

ရည်မှန်းချက် 

ယင်းဦးတည်ချက်များ ဖြစ်မြောက်စေရန် ယန္တရားသည် အောက်ပါ ရည်မှန်းချက် ၆ ရပ်ကို အကောင်အထည်ဖော်မည်။  

၁။ လက်ရှိနှင့် အနာဂတ် တာဝန်ခံမှုရရှိရေးကြိုးပမ်းမှုများတွင် အသုံးပြုနိုင်ရန် ယန္တရား၏ အထောက်အထားများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်မည်။ 

၂။ နိုင်ငံတွင်း၊ နိုင်ငံတကာ အာဏာပိုင်များ၏ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုရေးလုပ်ငန်းများနှင့် အခြား တာဝန်ခံမှုရရှိရေး ကြိုးပမ်းအားထုတ်မှုများတွင် ယန္တရား၏ အထောက်အထားနှင့် စိစစ်သုံးသပ်ချက်များအား ပိုမို အသုံးပြုစေမည်။ 

၃။ သက်သေများအပါအဝင် ယန္တရားနှင့် အဆက်အသွယ်ရှိသူများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ကာကွယ်မည်။ 

၄။ ယန္တရားနှင့် ပူးပေါင်းဆက်ဆံမှုများ၊ တာဝန်ခံမှုရရှိရေး ကြိုးပမ်းအားထုတ်မှုများ ပိုတိုးလာစေရန် ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်မည်။ 

၅။ ယန္တရား၏ လုပ်ပိုင်ခွင့်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်၊ ဝန်ထမ်းများ၊ ရင်းမြစ်များကို တိုးမြှင့်မည်။ 

၆။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် ဥပဒေရေးရာ အပြောင်းအလဲများကို ခန့်မှန်းပြီး အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် တာဝန်ခံမှုရရှိရေး အခွင့်အလမ်းများအတွက် ကြိုတင်ပြင်ဆင်မည်။