ရန်ပုံငွေ
ယန္တရားကို ကုလသမဂ္ဂ၏ ပုံမှန်ရန်ပုံငွေဖြင့် ထောက်ပံ့ထားပြီး၊ အထွေထွေညီလာခံမှ အတည်ပြုသော နှစ်စဥ် အသုံးစရိတ်ဖြင့် လုပ်ငန်းလည်ပတ်ပါသည်။ ဤအသုံးစရိတ်သည် ယန္တရား၏ ရှုပ်ထွေးသော လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော်ရန် လိုအပ်သောအရင်းအမြစ်များ၊ ဝန်ထမ်းများနှင့် ကျွမ်းကျင်မှုများရရှိရန် ထောက်ပံ့ပေးသည်။
ယန္တရားသည် ထူးခြားသောသီးသန့်စီမံချက်များဆောင်ရွက်ရေးနှင့် အထူးပြုကျွမ်းကျင်မှုများရရှိရေးအတွက် အလှူရှင်များနှင့်အခြားအဖွဲ့ အစည်းများထံမှ စေတနာအလျောက်ထောက်ပံ့မှုများကိုလည်း ရယူပါသည်။ ယန္တရား၏ စုံစမ်းစစ်ဆေးရေးဆိုင်ရာစွမ်းရည်မြှင့်တင်ရေးနှင့် လူထုဆက်ဆံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေးအတွက် စေတနာအလျောက် ရန်ပုံငွေထည့်ဝင်ကြသည့်သြစတြေးလျ၊ သြစတြီးယား၊ ကနေဒါ၊ ဒိန်းမတ်၊ မော်လ်တာ၊ ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန် နိုင်ငံများ၊ Justice Rapid Response အဖွဲ့ နှင့်အခြားနိုင်ငံများအားလုံးကို ကျေးဇူးတင်ရှိပါသည်။