ကုလသမဂ္ဂဆုံးဖြတ်ချက်များ
၂၀၂၄
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၅၅/ အယ်လ် ၁၇ (၄ ဧပြီ ၂၀၂၄)
ယန္တရား၏လုပ်ဆောင်မှုများကို ချီးကျူးထောက်ခံသည်။ အနာဂတ်တရားစွဲဆိုမှုများကို အထောက်အကူဖြစ်စေရန်အတွက် နိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့် သက်သေအထောက်အထားမျှဝေခြင်း အပါအဝင်၊ ယန္တရားနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများကို ထပ်မံတိုက်တွန်းသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၅၆/၁ ( ၁၆ ဇူလိုင် ၂၀၂၄)
၂၀၁၇ခုနှစ်တွင် ဖေ့ဘုတ်ပေါ်၌ မြန်မာစစ်တပ်က ပူးပေါင်းလုပ်ဆောင်သည့် ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားလှုံ့ဆော်မှုများနှင့်ပတ်သက်၍ ယန္တရား၏တွေ့ရှိချက်များကို စိုးရိမ်ကြောင်း ဖော်ပြသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထွေထွေညီလာခံတို့ အစီရင်ခံစာ ၇၉/၂၇၅ (သြဂုတ် ၂၀၂၄)
"မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကဲ့သို့ သက်ဆိုင်ရာယန္တရားများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်၊ သက်သေများ၊ ထိခိုက်နစ်နာသူများနှင့် တွေ့ဆုံခွင့်၊ မှုခင်းဖြစ်ပွားရာနေရာများသို့ သွားရောက်ခွင့်ပေးရန် ကျွန်ုပ် တိုက်တွန်းပါသည်။"
ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် (နိုဝင်ဘာ ၂၀၂၄)
ယန္တရားက ထုတ်ပြန်ထားသည့် ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများအား ဆန်းစစ်သော စိစပ်သုံးသပ်ချက်အစီရင်ခံစာကို ကြိုဆိုခဲ့သည်။ အစီရင်ခံစာပါ တွေ့ရှိချက်များအရ မြန်မာစစ်တပ်သည် အမုန်းစကားလှုံ့ဆော်မှုကို စနစ်တကျ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ညွှန်ပြနေသည်ကို အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
၂၀၂၃
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၅၂/၃၁ ( ၄ ဧပြီ ၂၀၂၃)
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တို့အား အနာဂတ်တရားစွဲဆိုမှုများတွင် ထောက်ပံ့ကူညီမှုဖြစ်စေရန်အတွက် သက်သေအထောက်အထားများကို ယန္တရားထံ တတ်နိုင်သမျှ မျှဝေပေးရန် တောင်းဆိုထားသည်။ ထို့ပြင် အခြားကုလသမဂ္ဂအဖွဲ့များကိုလည်း ယန္တရားနှင့်ပူးပေါင်းပြီး အထောက်အထားများ မျှဝေပေးရန် တိုက်တွန်းထားသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၅၃/၂၆ ( ၂၄ ဇူလိုင် ၂၀၂၃)
မြန်မာနိုင်ငံ၊ အဖွဲ့ဝင်နိုင်ငံများ၊ တရားစီရင်ရေးအာဏာပိုင်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအား ယန္တရား၏လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ယန္တရားအား သက်သေများနှင့်တွေ့ဆုံခွင့် အပါအဝင် နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုရန် ထပ်လောင်းတောင်းဆိုခဲ့သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၏ အထွေထွေညီလာခံသို့ အစီရင်ခံစာ ၇၈/၂၇၈ (သြဂုတ် ၂၀၂၃)
"ယနေ့အချိန်ထိ ယန္တရားသည် မိတ်ဖက်အဖွဲ့များနှင့် သတင်းရင်းမြစ်ပေါင်း ၇၀၀ ကျော်ကို ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် သက်သေထွက်ဆိုချက်များနှင့် စစ်ဆေးမှုပေါင်း ၂၀၀ ကျော်အပါအဝင် သတင်းအချက်အလက် သန်းပေါင်းများစွာကိုလည်း စုဆောင်းစိစစ်ခဲ့သည်။ ယန္တရားသည် ရိုဟင်ဂျာများအပေါ်ကျုးလွန်သည့် ရာဇ၀တ်မှုများနှင့်ပတ်သက်ပြီး အထောက်အထားဖိုင်များနှင့် စိစစ်သုံးသပ်ချက်ပေါင်း ၁၀၀ ကျော်ကို မျှဝေရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။"
ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် ၇၈/၂၁၉ ( ၁၉ ဒီဇင်ဘာ ၂၀၂၃)
ယန္တရား၏ ပဉ္စမနှစ်ပတ်လည်အစီရင်ခံစာကို ကြိုဆိုခဲ့သည်။ အထွေထွေညီလာခံ၏ ခုနစ်ဆယ့်ကိုးကြိမ်မြောက် အစည်းအဝေးအတွင်း ဆွေးနွေးပွဲတစ်ခုစီစဥ်ပေးခြင်းဖြင့် ယန္တရား၏လုပ်ငန်းကို ကူညီရန် နှင့် ယန္တရား၏ အစီရင်ခံစာများတွင်ပါသော မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေကို ဆက်လက်စဥ်းစားသုံးသပ်ပေးရန် အထွေထွေအတွင်းရေးမှုးချုပ်အား တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် (နိုဝင်ဘာ ၂၀၂၄)
ယန္တရားက ထုတ်ပြန်ထားသည့် ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများအား ဆန်းစစ်သော စိစပ်သုံးသပ်ချက်အစီရင်ခံစာကို ကြိုဆိုခဲ့သည်။ အစီရင်ခံစာပါ တွေ့ရှိချက်များအရ မြန်မာစစ်တပ်သည် အမုန်းစကားလှုံ့ဆော်မှုကို စနစ်တကျ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ညွှန်ပြနေသည်ကို အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
၂၀၂၂
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၉/၂၃ ( ၁ ဧပြီ ၂၀၂၂)
မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအား ယန္တရားနှင့်ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးရန် တိုက်တွန်းသည်။ ယန္တရားကို သက်သေများထံဝင်ရောက်ခွင့်ပေးပြီး နစ်နာသူများနှင့် သက်သေများအတွက် လျှို့ဝှက်မှု၊ လုံခြုံမှုနှင့် ကူညီထောက်ပံ့မှုများပေးရန် တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၅၀/၃ ( ၇ ဇူလိုင် ၂၀၂၂)
မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများအား ယန္တရား၏လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ယခင်တောင်းဆိုချက်များအတိုင်း ထပ်လောင်းတောင်းဆိုခဲ့သည်။ ၎င်းအပြင် လက်ရှိနှင့် အနာဂတ်တွင်လုပ်ဆောင်မည့် စုံစမ်းစစ်ဆေးမှုများအတွက် ယန္တရားနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ရန်လည်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၇၇/၂၂၇ ( ၁၅ ဒီဇင်ဘာ ၂၀၂၂)
(၇၈) ကြိမ်မြောက် အထွေထွေညီလာခံ၏ အစည်းအဝေးပွဲအတွင်း ဆွေးနွေးပွဲတစ်ခုစီစဥ်ပေးခြင်းဖြင့် ယန္တရား၏ လုပ်ငန်းများကို အကူအညီပေးရန် အထွေထွေအတွင်းရေးမှူးချုပ်ကို မေတ္တာရပ်ခံခဲ့သည်။
၂၀၂၁
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီသို့ အစီရင်ခံစာ ၂၀၂၁/၃၁၂ (မတ်လ ၂၀၂၁)
အထွေထွေအတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့်ဆက်စပ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအစီရင်ခံစာတွင် ယန္တရားအား "မြန်မာနိုင်ငံအတွင်း ချက်ချင်း၊ အပြည့်အဝနှင့် ကန့်သတ်ချက်မရှိ ဝင်ရောက်ခွင့်နှင့် စောင့်ကြည့်လေ့လာခွင့်" ပြုရန် တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၆/၂၁ ( ၂၄ မတ်လ ၂၀၂၁)
မြန်မာနိုင်ငံအတွင်း နိုင်ငံတကာရာဇ၀တ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့များမှတဆင့် အရေးယူဆောင်ရွက်ရန် တောင်းဆိုသည်။ ယန္တရားကို နိုင်ငံတွင်းဝင်ရောက်ခွင့်ပြုရန် မြန်မာအာဏာပိုင်များအား တောင်းဆိုခဲ့ပြီး နိုင်ငံတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ယန္တရား၏လုပ်ပိုင်ခွင့်ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်း ဆောင်ရွက်ရန်၊ နစ်နာသူများနှင့် သက်သေများကို ကာကွယ်ပေးရန် တိုက်တွန်းထားသည်။ အဆိုပါ ဆုံးဖြတ်ချက်တွင် ယန္တရား၏ ဆောင်ရွက်ချက်များ၊ နှစ်ပတ်လည်းအစီရင်ခံစာများနှင့် လူထုဆက်ဆံရေးလုပ်ငန်းများကို ကြိုဆိုခဲ့သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၇/၁ ( ၁၆ ဇူလိုင် ၂၀၂၁)
ယန္တရား၏ ဆောင်ရွက်ချက်နှင့် နှစ်ပတ်လည်အစီရင်ခံစာများကို ကြိုဆိုသည်။ မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ဒေသတွင်းနိုင်ငံများ၊တရားစီရင်ပိုင်ခွင့်ရှိသည့်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် ယန္တရားကို လိုအပ်သည့်အကူအညီများပေးရန်နှင့် နိုင်ငံတွင်းသို့ အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုရန် တိုက်တွန်းခဲ့သည်။ လူပုဂ္ဂိုလ်တစ်ဦးသည် ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် လက်စားချေခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ တိုက်ခိုက်ခံရခြင်းများအတွက် မရှိစေရေး အာမခံချက်ပေးရန် မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။
အထွေထွေညီလာခံသည် အထက်ပါတိုက်တွန်းမှုကို ထပ်လောင်းပြောကြားပြီး၊ ယန္တရား၏လုပ်ငန်းကိုကူညီပေးရန် အထွေထွေအတွင်းရေးမှူးအား တောင်းဆိုခဲ့သည်။ ဆုံးဖြတ်ချက် ၇၆/၁၈၀ ( ၁၆ ဒီဇင်ဘာ ၂၀၂၁ )
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထွေထွေညီလာခံသို့ အစီရင်ခံစာ ၇၆/၃၁၂ (သြဂုတ် ၂၀၂၁)
"ရိုဟင်ဂျာနှင့် တခြားလူနည်းစုများအပေါ် ကျူးလွန်သည့်အမှုများအပါအဝင် မြန်မာနိုင်ငံတွင်ကျူးလွန်သည့် ကြီးလေးသောရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရရှိရေးသည် မရှိမဖြစ် အရေးပါသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကဲ့သို့သော သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့များသည် ယခင်က ပြစ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုဖြစ်ထွန်းရေးရရှိရန်နှင့် နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန် အထောက်အကူဖြစ်စေသည်။"
၂၀၂၀
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၃/၂၆ ( ၂၂ ဇွန် ၂၀၂၂ )
နိုင်ငံတကာရာဇ၀တ်ခုံရုံး သို့မဟုတ် နိုင်ငံတကာတရားရုံးများအပါအဝင် နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာတရားရုံးများ၊ ခုံရုံးများ၏ အနာဂတ်စုံစမ်းစစ်ဆေးမှုများတွင် နီးကပ်စွာ အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထွေထွေညီလာခံသို့ အစီရင်ခံစာ ၇၅/၂၉၅ (သြဂုတ် ၂၀၂၀)
"မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ လုပ်ငန်းများ တိုးတက်မှုရှိလာသည်နှင့်အမျှ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် သက်သေများ၊ နစ်နာသူများနှင့် အခြားသတင်းရင်းမြစ်များကို လက်လှမ်းမီနိုင်ရေးအတွက် အရေးကြီးသည်။ သို့မှသာ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများအတွက် ယန္တရား၏ လုပ်ပိုင်ခွင့်ဖြစ်သည့် တာဝန်ခံမှုဖြစ်ထွန်းရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး နောက်ထပ်ရာဇ၀တ်မှုများထပ်မဖြစ်အောင် ကူညီဟန့်တားနိုင်မည်ဖြစ်သည်။"
ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် ၇၅/၂၃၈ ( ၃၁ ဒီဇင်ဘာ ၂၀၂၀)
ယန္တရားကို မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့် နိုင်ငံအနှံ့ကန့်သတ်ချက်မရှိသွားလာခွင့်ပေးခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။
၂၀၁၉
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၄၂/၃ ( ၂၆ စက်တင်ဘာ ၂၀၁၉)
ယန္တရား၏လုပ်ငန်းစတင်ခြင်းကို ကြိုဆိုခဲ့ပြီး၊ ဝန်ထမ်းခန့်အပ်မှု၊ လုပ်ငန်းတည်နေရာနှင့် ယန္တရား၏လုပ်ပိုင်ခွင့်ကို လွတ်လပ်စွာအကောင်အထည်ဖော်နိုင်ရန် လိုအပ်သောအကူအညီနှင့် အရင်းအမြစ်များပံ့ပိုးရန် ကုလသမဂ္ဂထံ တောင်းဆိုခဲ့သည်။
အထွေထွေညီလာခံသည် ဤတောင်းဆိုမှုကို ထပ်လောင်းပြောကြားကာ ယန္တရား၏လုပ်ငန်းများ လျင်မြန်စွာစတင်ရန် တိုက်တွန်းခဲ့သည်။ ဆုံးဖြတ်ချက် ၇၄/၂၄၆ ( ၂၇ ဒီဇင်ဘာ ၂၀၁၉)
၂၀၁၈
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၃၉/၂ ( ၂၇ စက်တင်ဘာ ၂၀၁၈)
မြန်မာနိုင်ငံအတွင်း ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျူးလွန်ခဲ့သည့် အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းခြင်း၊ ပေါင်းစည်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စိစစ်သုံးသပ်ခြင်းများ ပြုလုပ်ရန်နှင့် ရာဇဝတ်မှုများကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် အမှုတွဲများပြင်ဆင်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကို တည်ထောင်ခဲ့သည်။
အထွေထွေညီလာခံသည် ဆုံးဖြတ်ချက် ၇၃/၂၆၄ (၂၂ ဒီဇင်ဘာ ၂၀၁၈) တွင် ယန္တရားတည်ထောင်မှုကို ကြိုဆိုခဲ့သည်။