လုပ်ငန်းစဉ်

 

စုဆောင်းထိန်းသိမ်းခြင်း

မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ်နောက်ပိုင်းကျူးလွန်ခဲ့သော အကြီးလေးဆုံးနိုင်ငံတကာရာဇ၀တ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုဆိုင်ရာ အချက်အလက်များ၊ အထောက်အထားများကို စုဆောင်းထိန်းသိမ်းပါသည်။ ဤရာဇ၀တ်မှုများတွင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုနှင့် လူမျိုးပြုန်းစေမှုတို့ပါဝင်သည်။

ယန္တရားသည် ရင်းမြစ်များစွာမှရရှိသော ထုတ်ပြန်ချက်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုဟ်တုပုံရိပ်များ၊ ဆိုရှယ်မီဒီယာသတင်းများနှင့် မှုခင်းဆေးပညာဆိုင်ရာအထောက်အထားများ မပျောက်ဆုံး၊ မပျက်စီးခင် စုဆောင်းပါသည်။ ထို့နောက် ယင်းအထောက်အထားများကို တရားရုံးများတွင် အသုံးပြုနိုင်ရန် လုံခြုံသောနည်းလမ်းတို့ဖြင့် သိမ်းဆည်းထားသည်။

 

စိစစ်သုံးသပ်ခြင်း

စွပ်စွဲထားသော ရာဇ၀တ်မှုများနှင့် ကျူးလွန်သူများ၏ အမှုတွဲများပြင်ဆင်ရန် အချက်အလက်နှင့် အထောက်အထားများကို တိုက်ဆိုင်စစ်ဆေးပြီး အတည်ပြုကာ စိစစ်သုံးသပ်သည်။

 

မျှဝေခြင်း

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများနှင့် စံနှုန်းများကိုလိုက်နာပြီး သက်သေများကို အကာအကွယ်ပေးနိုင်စွမ်းရှိသည့် နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ တရားရုံးများ သို့မဟုတ် ခုံရုံးများထံ အဆိုပါ အထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို မျှဝေသည်။

သက်ဆိုင်ရာတရားစီရင်ရေးအာဏာပိုင်များသည် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများအတွက် ယန္တရား၏အကူအညီကို ယခု သို့မဟုတ်နောင်တချိန်တွင် တောင်းဆိုနိုင်ပါသည်။ ယန္တရားသည် အချက်အလက်ပေးသူများ၏ သဘောတူခွင့်ပြုချက်ဖြင့်သာ အချက်အလက်များကို မျှဝေပေးမည်ဖြစ်သည်။

 

Image
Thumbnail