ဝန်ထမ်းခေါ်ယူမှုများ

ယန္တရား၏ ဝန်ထမ်းခေါ်ယူမှု၊ အတိုင်ပင်ခံဝန်ထမ်းနှင့် အလုပ်သင်ခေါ်ယူမှုများအတွက် ကုလသမဂ္ဂ၏ ဝန်ထမ်းခေါ်ယူမှုအွန်လိုင်းပလက်ဖောင်းဖြစ်သည့် Inspira တွင် ဖော်ပြထားပါသည်။  အလုပ်လျှောက်လွှာအားလုံးကို ထိုနေရာမှသာ ‌‌ပေးပို့ရပါမည်။

 

အလုပ်အကိုင်များ

ယန္တရား၏အလုပ်များသည် ဂျီနီဗာမြို့တွင် အခြေစိုက်ပြီး အခြားနေရာတွင် လုပ်ကိုင်ရမည်ဆိုပါက အလုပ်ခေါ်စာတွင် ဖော်ပြထားပါမည်။

ယန္တရားသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ ကုလသမဂ္ဂစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ထမ်းများကိုခန့်အပ်သည်။ ထို့ကြောင့် ဝန်ထမ်းခန့်ထားရာတွင် အလုပ်အကိုင်ကျွမ်းကျင်မှု၊ အရည်အချင်းနှင့် ရိုးသားဖြောင့်မတ်မှုတို့ကို အမြင့်ဆုံးစံနှုန်းများအဖြစ် ထည့်သွင်းစဉ်းစားသည်။ ထို့အပြင် နေရာဒေသစုံမှဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာစေရန် တတ်နိုင်သမျှအလေးထားပါသည်။ ကုလသမဂ္ဂတွင် အမျိုးသားနှင့်အမျိုးသမီးများအား ခွဲခြားခြင်းမရှိပဲ မည်သည့်အလုပ်နေရာမဆို တန်းတူလျှောက်ထားနိုင်ပါသည်။

Administrative Officer, P-4

 

အတိုင်ပင်ခံဝန်ထမ်းများ

ယန္တရားသည် အထူးပြုကျွမ်းကျင်မှုတစ်ရပ်ရပ်ကိုလိုအပ်သည့်အခါ သို့မဟုတ် အချိန်အကန့်အသတ်ရှိသောစီမံချက်များဆောင်ရွက်ရသည့်အခါ အတိုင်ပင်ခံဝန်ထမ်းများကို ရံဖန်ရံခါ ရှာဖွေခန့်အပ်သည်။

Evidence Reviewer

Rakhine State Specialist

Language Specialist (multiple positions)

 

အလုပ်သင်ဝန်ထမ်းများ

ယန္တရား၏ အလုပ်သင်ရာထူးများသည် လစာမဲ့ဖြစ်ပြီး (၃)လမှ (၆)လကြာ အချိန်ပြည့် တာဝန်ထမ်းဆောင်ရပါမည်။ အလုပ်သင်ရာထူးများကို အချိန်မရွေးလျှောက်ထားနိုင်ပြီး၊ လိုအပ်ချက်အလိုက် ရွေးချယ်ခန့်အပ်သွားမည်ဖြစ်သည်။ အလုပ်ခေါ်စာတွင် အခြားအလုပ်အခြေစိုက်ရာနေရာမဖော်ပြထားပါက၊ ဂျီနီဗာမြို့တွင် လုပ်ရမည် ဖြစ်သည်။

ယန္တရားတွင် အလုပ်သင်ရာထူးလျှောက်ထားသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည်။

(က) ဘွဲ့လွန်သင်တန်း (တက္ကသိုလ်ဒုတိယဘွဲ့ သို့မဟုတ် ယင်းနှင့်ညီမျှသောသင်တန်း သို့မဟုတ် ပိုမိုအဆင့်မြင့်သောသင်တန်း) တက်ရောက်နေသူ၊ (ခ) တက္ကသိုလ်ပထမဘွဲ့၏ နောက်ဆုံးပညာသင်နှစ်တက်ရောက်နေသူ (အနည်းဆုံးတက္ကသိုလ်ဘွဲ့အဆင့် သို့မဟုတ် ယင်းနှင့်ညီမျှသောအဆင့်)၊ (ဂ) တက္ကသိုလ်ပထမဘွဲ့ သို့မဟုတ်၊ ဒုတိယဘွဲ့ရရှိထားပြီး၊ ရွေးချယ်ခံရပါက ဘွဲ့ရပြီးတစ်နှစ်အတွင်း အလုပ်သင်ရာထူးကိုစတင်နိုင်သူဖြစ်ရမည်။ လျှောက်ထားသူများသည် အလုပ်အတွေ့အကြုံရှိရန် မလိုပါ။

 

Image
ဂျီနီဗာရှိ ကုလသမဂ္ဂရုံး (ကုလ ဓာတ်ပုံ / Jean-Marc Ferré)