လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဆိုတာ ဘာလဲ။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဆိုတာ ဘာလဲ။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ လိင်ပိုင်း ဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ၊ နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းနှင့် အတင်းအကြပ်လွှဲပြောင်းခြင်း၊ သို့မဟုတ် အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ ကျုးလွန်သည့် ရာဇ၀တ်မှုများ ပါဝင်သည်။
ကျူးလွန်မှုဖြစ်ပွားသည့် နယ်မြေအကျယ်အဝန်း၊ အချိန်အပိုင်းအခြားနှင့် ပစ်မှတ်ထားခံရသူ အရေအတွက်တို့သည် တိုက်ခိုက်မှုတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်းရှိ၊မရှိ စဉ်းစားဆုံးဖြတ်ရာ၌ အခရာကျသည်။ တိုက်ခိုက်မှုတစ်ခုသည် တသီးတခြားစီ ဖြစ်ပွားခြင်းမျိုး မဟုတ်ဘဲ အစီအစဥ်တကျ တိုက်ခိုက်မှုမျိုးဖြစ်နေပါက စနစ်တကျတိုက်ခိုက်မှုဟု သတ်မှတ်နိုင်သည်။ ဥပမာ – လုံခြုံရေးတပ်ဖွဲ့များက တစ်နိုင်ငံလုံးအနှံ့ တိုက်ခိုက်မှုများကို ညှိနှိုင်းဆောင်ရွက်သည့်အခါမျိုး ဖြစ်သည်။
အသေးစိတ်အချက်အလက်များအတွက်၊ နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ရောမသဘောတူစာချုပ် အပိုဒ် ၇ နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ရာဇဝတ်မှုများ၏ အခြေခံလက္ခဏာများ တွင်ဝင်ကြည့်ပါ။