ယန္တရားအကြောင်း အမေးအဖြေဗီဒီယိုများကို ရိုဟင်ဂျာဘာသာဖြင့် တင်ဆက်ခြင်း
Body
ဒီဇင်ဘာ ၃၀၊ ၂၀၂၅။ ။ရိုဟင်ဂျာဘာသာဖြင့် တင်ဆက်ထားသော အမေးအဖြေဗီဒီယိုအသစ်များကို ယန္တရားက ယနေ့ မျှဝေလိုက်သည်။ ယင်းဗီဒီယိုများတွင် အောက်ပါအကြောင်းအရာများကို တင်ဆက်ထားသည်။
- ဘယ်လိုအချက်အလက်များကို ယန္တရားထံ မျှဝေနိုင်သလဲ၊ ယန္တရားက ထိုအချက်အလက်များကို ဘယ်လိုအသုံးပြုသလဲ
- ယန္တရားအတွက် သက်သေအဖြစ်ဆောင်ရွက်ခြင်းဆိုတာ ဘယ်လိုလဲ
- လက်ရှိ ရိုဟင်ဂျာများကို ကျူးလွန်နေသော ရာဇဝတ်မှုများကို ယန္တရားက စုံစမ်းစစ်ဆေးနေပါသလား
- ရိုဟင်ဂျာများ ဆုံးရှုံးခဲ့ရသော မြေယာ၊ အိုးအိမ်နှင့် စီးပွားရေးလုပ်ငန်းများအကြောင်း ယန္တရားက စုံစမ်းစစ်ဆေးနေပါသလား
ဗီဒီယိုများကို ဒေါင်းလုပ်ရယူကာ ကြည့်ရှုပြီး တဆင့်ပြန်လည်မျှဝေနိုင်ပါသည်။