ယန္တရား၏ တရားဝင် LinkedIn စာမျက်နှာ စတင်ခြင်း
၁၃ နိုဝင်ဘာ ၂၀၂၅။ ။ယန္တရား၏ တရားဝင် LinkedIn စာမျက်နှာကို ယနေ့ စတင်မိတ်ဆက်လိုက်သည်။ ဤစာမျက်နှာအသစ်တွင် ယန္တရား၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတိုးတက်မှုများဖြစ်သော မြန်မာနိုင်ငံသားများအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေးဆိုင်ရာ ကြိုးပမ်းမှုများအကြောင်း မျှဝေသွားမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ လုပ်ငန်းများအကြောင်း၊ အစီရင်ခံစာများ၊ ထုတ်ပြန်ချက်များ၊ ဥပဒေရေးရာလုပ်ငန်းစဥ်များ၏ တိုးတက်မှုအခြေအနေများနှင့် အလုပ်ခေါ်စာများကို ဤစာမျက်နှာတွင် တင်ပြသွားမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးရေး၊ တရားစွဲဆိုရေးနှင့် တရားစီရင်ရေး အာဏာပိုင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အသိပညာရှင်များ၊ သတင်းထောက်များ၊ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တရားမျှတမှုရရှိရေး ကြိုးပမ်းနေသော အခြားအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်သွားမည် ဖြစ်သည်။
ယန္တရား၏ လုပ်ငန်းတိုးတက်မှုများအကြောင်း ဖတ်ရှုနိုင်ရန် LinkedIn စာမျက်နှာကို follow လုပ်ပါ https://www.linkedin.com/company/myanmarmechanism/