လျှို့ဝှက်လုံခြုံစွာဆက်သွယ်ရန်
မြန်မာနိုင်ငံတွင် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး လျှို့ဝှက်အချက်အလက်များ သင့်မှာ ရှိပါသလား။
မည်သည့် ဘာသာစကား သို့မဟုတ် ပုံစံ (format) ဖြင့်မဆို ယန္တရားထံ ပေးပို့မျှဝေနိုင်ပါသည်။
ပေးပို့သူနှင့် အချက်အလက်များကို အလုံခြုံဆုံးဖြစ်စေသည့် Signal နှင့် Proton Mail ကိုသုံးပြီး ယန္တရားထံ ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။ မြန်မာနိုင်ငံတွင် Signal နှင့် Proton Mail ကိုအသုံးပြုရန် အခက်အခဲရှိသည်ကို ကျွန်ုပ်တို့ သိရှိပါသည်။ ထို့ကြောင့် သင့်အတွက် ဘေးကင်းပြီး အသုံးပြုရန်ဖြစ်နိုင်သည့်အချိန်ကို စောင့်ဆိုင်းပြီးမှသာ ပေးပို့ပါ။
- Signal အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး ယန္တရား၏နံပါတ် +41 76 691 12 08 သို့ မက်ဆေ့ချ် ပို့ပါ။
- သို့မဟုတ် အခမဲ့ Proton Mail အကောင့်ဖွင့်ပြီး ယန္တရား၏ အီးမေးလ်လိပ်စာ contact@myanmar-mechanism.org သို့ ပေးပို့ပါ။ လျှို့ဝှက်အချက်အလက်များကို အခြားအီးမေးလ်အကောင့်များသုံးပြီး ယန္တရားထံ ပေးပို့ခြင်းမပြုရန် မေတ္တာရပ်ခံပါသည်။
သင်၏လုံခြုံရေးအတွက်-
- သင်တစ်ဦးတည်းရှိသည့်အချိန်ထိ စောင့်ဆိုင်းပြီး ဘေးကင်းမှသာ ယန္တရားထံ ဆက်သွယ်ပါ။
- ယန္တရားထံ ဆက်သွယ်နေကြောင်းကို ဘယ်သူ့ကိုမျှ မပြောပါနှင့်။
- သင့်တွင် လုံခြုံရေးအန္တရာယ်များရှိပါက ယန္တရားကို ပြောပါ။ သင့်အတွက် ဘေးကင်းမှသာ ယန္တရားက ဆက်သွယ် ပါမည်။
- သင်၏ဖုန်းထဲတွင် ယန္တရား၏ Signal နံပါတ် နှင့် Proton Mail လိပ်စာကို မသိမ်းထားပါနှင့်။ Signal မှတဆင့် ဆက်သွယ်ထားသည့် မက်ဆေ့ချ်များနှင့် စကားပြောထားသည်များကို ဖျက်ပေးပါ။ Proton Mail မှတဆင့် ပေးပို့ ပြီးသည့် အီးမေးလ်များကိုလည်း ဖျက်ပစ်ပါ။ ဖုန်းနှင့် ကွန်ပျူတာအမှိုက်ပုံးတွင်းထဲကိုပါ ဖျက်ရန် မမေ့ပါနှင့်။
သင်၏ ဘေးကင်းရေးနှင့် ပုဂ္ဂိုလ်ရေးရာ လုံခြုံရေးသည် ယန္တရား၏ဦးစားပေးဖြစ်ပါသည်။ ယန္တရားသည် သင်၏ ခွင့်ပြုချက် မရှိဘဲ သင်ပေးပို့သည့် အချက်အလက်များနှင့် ကိုယ်ရေးအကြောင်းအရာများကို တဆင့်ပြန်လည်မျှဝေခြင်းမပြုပါ။
ယန္တရားသည် အချက်အလက်များအားလုံးကို စစ်ဆေးကြည့်ရှုပါသည်။ သို့သော် သင်၏ဘေးကင်းရေးနှင့် ပုဂ္ဂိုလ်ရေးရာလုံခြုံရေးကို ထည့်သွင်းစဥ်းစားပြီး နောက်ထပ်ဆက်သွယ်ရန် လိုအပ်သည့်အခါမှသာ ဆက်သွယ်ပါမည်။ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို လျှို့ဝှက်ထားရန် လိုအပ်သောကြောင့်၊ သင်ပေးပို့သည့် အချက်အလက်များအား အမှုတည်ဆောက်ရာတွင် မည်သို့အသုံးပြုနေကြောင်းကို ယေဘုယျသဘောဖြင့်သာ အကြောင်းပြန်နိုင်ပါသည်။