အောက်တိုဘာလထုတ် သတင်းလွှာ - ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်ရာတွင် တိုးတက်မှုများရှိနေ

Body

၂၇ အောက်တိုဘာ ၂၀၂၅။   ။အကျဥ်းစခန်းများတွင် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများ၊ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာများ၏ မြေယာနှင့် အိုးအိမ်များကို ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်းများ ကျူးလွန်ရာတွင် အကျိုးအမြတ်ရရှိသူများကို ဖော်ထုတ်ရာတွင် တိုးတက်မှုများရှိနေကြောင်း အသစ်ထုတ်ပြန်လိုက်သည့် ယန္တရား၏ သတင်းလွှာတွင် ဖော်ပြထားသည်။ 

သတင်းလွှာအသစ်တွင် ယန္တရားအကြီးအကဲ ပါဝင်တက်ရောက်ခဲ့သော အဆင့်မြင့်ဆွေးနွေးပွဲများနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများတွင် ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုများ ဖော်ပြထားသည်။ ထို့အပြင် လူသားချင်းစာနာမှုအထောက်အပံ့များကို ငြင်းပယ်ခြင်းသည် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုမြောက်နိုင်ကြောင်းကိုလည်း ရှင်းပြထားသည်။ 

၂၀၂၅ ခုနှစ် အောက်တိုဘာလထုတ် သတင်းလွှာကို ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ဖတ်ရှုပြီး တဆင့်ပြန်လည်မျှဝေရန် တိုက်တွန်းပါသည်။ 

English မြန်မာ