Select Page

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား

မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူများကို တရားစီရင်နိုင်ရန် လိုအပ်သော အထောက်အထားများ စုဆောင်းခြင်း

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM သို့မဟုတ် ယန္တရား) သည် မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့်   ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးအတွက် ဦးတည်လုပ်ဆောင်လျက်ရှိသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေး ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ယန္တရားကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ယန္တရားသည် အထောက်အထားများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့်  စိစစ်သုံးသပ်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပြီး အမှုတွဲများ ပြင်ဆင်ပါသည်။ ထို့နောက် ပြစ်မှုကျူးလွန်သူများအား တရားစွဲဆိုရာတွင် အသုံးပြုရန်အတွက် သက်ဆိုင်ရာ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာတရားရုံးများ၊ သို့မဟုတ် ခုံရုံးများထံ ယင်းအမှုတွဲများ မျှဝေပါသည်။

ယန္တရား၏အကြီးအကဲက ဖြေကြားသော အမေးအဖြေအသစ်များ (ရိုဟင်ဂျာဘာသာဖြင့်)

၁၇ ဇူလိုင် ၂၀၂၄ -   ယန္တရား၏အကြီးအကဲ Nicholas Koumjian က လုပ်ငန်းဆိုင်ရာမေးခွန်းများကို  ဖြေကြားထားသည့်  အမေးအဖြေဗီဒီယိုအသစ်ငါးခုကို  ရိုဟင်ဂျာဘာသာဖြင့် ယနေ့ထုတ်လွှင့်လိုက်သည်။ ဗီဒီယိုများကို ဒေါင်းလုဒ်လုပ်ခြင်း၊ ကြည့်ရှုခြင်းနှင့် မျှဝေခြင်းများ ပြုလုပ်နိုင်ပါပြီ။...

ယန္တရား၏ လိင်နှင့်ဂျင်ဒါအခြေပြုရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအကြောင်း သရုပ်ဖော်ရှင်းလင်းချက်အသစ်

ဇူလိုင် ၂၊ ၂၀၂၄။  ။ ယန္တရားသည် လိင်နှင့်ဂျင်ဒါအခြေပြုရာဇဝတ်မှုများအား မည်သို့စုံစမ်းစစ်ဆေးနေသည်ကို ရှင်းလင်းတင်ပြသည့် သရုပ်ဖော်ရှင်းလင်းချက်အသစ်ကို ယနေ့ ဖြန့်ဝေလိုက်သည်။ ယန္တရား၏ အလုပ်လုပ်ပုံကို ရိုးရှင်းပြီး အမြင်အားဖြင့် ဆွဲဆောင်မှုရှိစေရန်...

၂၀၂၄ ခုနှစ် ဇွန်လထုတ် သတင်းလွှာကို ဖတ်ရှုနိုင်ပါပြီ။

၂၀၂၄ ခုနှစ်၊ ဇွန် ၂၅။                    ။ယန္တရားက ယနေ့ထုတ်ပြန်လိုက်သည့် နောက်ဆုံးထုတ်သတင်းလွှာတွင် ကုလသမဂ္ဂ၏ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ယန္တရား၏လုပ်ငန်းအပေါ်သက်ရောက်မှု အပါအဝင် စုံစမ်းစစ်ဆေးမှုလုပ်ငန်းများအကြောင်း ဖော်ပြထားသည်။ ထို့အပြင် စုံစမ်းစစ်ဆေးသူများ၏...

မြန်မာယန္တရား၏ သတင်းအချက်အလက်တောင်းခံမှုများကို တုံ့ပြန်ရန် မြန်မာစစ်တပ်အား တောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက် ဂျီနီဗာ၊ မေ ၂၇၊ ၂၀၂၄။ ။မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအနေဖြင့် ကျွန်ုပ်တို့ စုံစမ်းစစ်ဆေးနေသော  ကြီးလေးသည့်  ရာဇ၀တ်မှုမြောက်များစွာနှင့် ...

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ပိုမိုပြင်းထန်လာသော ပဋိပက္ခနှင့်စပ်လျဥ်း၍ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအကြီးအကဲ Nicholas Koumjian ၏ ထုတ်ပြန်ချက် ဂျီနီဗာ၊ ၂၀၂၄ ခုနှစ်၊ မေ ၂၃။        ။မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ပိုမိုပြင်းထန်လာသော တိုက်ခိုက်မှုကို...

၂၀၂၄ ဧပြီလထုတ် သတင်းလွှာတွင် ယန္တရား၏ သက်သေမျှဝေရေးနှင့် ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးမှုများအကြောင်း တင်ပြထား

ဧပြီ ၉၊ ၂၀၂၄။ ။ယန္တရားသည် နောက်ဆုံးထုတ် သတင်းလွှာတွင် အဖွဲ့၏ လုပ်ပိုင်ခွင့်အကြောင်း အများပြည်သူပိုမိုသိရှိလာစေရန် အပါအဝင်၊ သက်ဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးရေးနှင့် အမှုစစ်လုပ်ငန်းများအတွက် အချက်အလက်မျှဝေမှု၊ ရိုဟင်ဂျာများအား တိုက်ခိုက်သည့်...

IIMM ၏ စိစစ်သုံးသပ်ချက် အစီရင်ခံစာများ ထုတ်ပြန်ခြင်း

မြန်မာစစ်တပ်၏ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေသည့် လှုပ်ရှားမှု၊ မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးရန် ပျက်ကွက်မှုနှင့် သက်ဆိုင်သည့် အစီရင်ခံစာများ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော...

ယန္တရား၏လုပ်ငန်းများကို သရုပ်ဖော်ဇာတ်လမ်းအသစ်များဖြင့် ရှင်းလင်းတင်ပြ

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၄။ ယန္တရားသည် အများပြည်သူအား ၎င်း၏လုပ်ငန်းစဥ်များကို ရှင်းပြရာတွင် ရိုးရှင်းပြီး အမြင်အားဖြင့် ဆွဲဆောင်မှုရှိစေရန် သရုပ်ဖော်ဇာတ်လမ်းအသစ် သုံးပုဒ် ထုတ်လုပ်ခဲ့သည်။ အဆိုပါ သရုပ်ဖော်ဇာတ်လမ်းများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဒေါင်းလုပ်ရယူပြီး...

မြန်မာနိုင်ငံတွင် စနစ်ချလုပ်ဆောင်သည့် အကြမ်းဖက်မှုများ ပျံ့နှံ့ဖြစ်ပွားခြင်း သုံးနှစ်ရှိလာချိန်တွင် ကျူးလွန်သူများ၏ ပြစ်မှုကို ညွှန်ပြနေသည့် အထောက်အထားများ ပိုမိုတွေ့လာရ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအကြီးအကဲ Nicholas Koumjian ၏ ထုတ်ပြန်ချက် ဂျီနီဗာ၊ ၂၀၂၄ ဇန်နဝါရီ ၃၀ - မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည်မှာ သုံးနှစ်ရှိခဲ့ပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုများကို...