ယန္တရားသည် ငလျင်လှုပ်ပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများနှင့် အထောက်အပံ့များအား ကန့်သတ်နေသည်ကို အနီးကပ်စောင့်ကြည့်နေ

Body

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ကြေညာချက်

 

ဂျီနီဗာ၊ ဧပြီ ၂၊ ၂၀၂၅။ ။ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံတွင် လှုပ်ခဲ့သော မြေငလျင်သည် လူထောင်ပေါင်းများစွာ သေကြေပျက်စီးစေခဲ့ပြီး ဖြစ်ပွားဆဲပဋိပက္ခ၏ ဖြစ်ရပ်ဆိုးများအပြင် ပျက်စီးဆုံးရှုံးမှုများ ထပ်ဆင့်တိုးစေခဲ့သည်။ 

အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေဆဲမှာပင် မြန်မာစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး အရပ်သားထိခိုက်မှုကို ပိုတိုးစေခဲ့သည်။ ဤတိုက်ခိုက်မှုများကြောင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများသည် ကြောက်ရွံ့မှု၊ သေကြေပျက်စီးမှု၊ ဒဏ်ရာရရှိမှု၊ ဆုံးရှုံးမှုများကို ရင်ဆိုင်နေရသည်။ ထို့အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း နှောင့်နှေးစေနိုင်သည်။ 

ယန္တရားအနေဖြင့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ကချင်၊ ကရင်၊ ကရင်နီ၊ ကယား၊ မကွေးနှင့် ရှမ်းပြည်နယ်တို့တွင် လေကြောင်းမှ ဆက်လက်တိုက်ခိုက်မှုများအကြောင်း သတင်းပေးပို့ချက်များကို အနီးကပ်စောင့်ကြည့်နေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် ကျူးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိသူများအား တာဝန်ခံမှုရရှိစေရန် ရည်ရွယ်သည်။ 

လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာအကူအညီများကို ငြင်းပယ်ခြင်း၊ ထိန်းချုပ်ကန့်သတ်ခြင်း၊ သို့မဟုတ် လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာဝန်ထမ်းများကို ပစ်မှတ်ထားခြင်းသည် နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်ပြီး စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အ‌ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ကြောင်း ပဋိပက္ခအတွင်းရှိ အဖွဲ့အားလုံးကို သတိပေးလိုပါသည်။ 

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org  ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။