Select Page

ခေါင်းဆောင်ပိုင်း

နီကိုလတ်စ်ခွန်ဂျန်၊ IIMM၏ အကြီးအကဲ

(၂၀၁၉)ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ယန္တရား၏အကြီးအကဲဖြစ်သူ နီကိုလတ်စ်ခွန်ဂျန် (အမေရိကန်)က ၎င်း၏ လုပ်ငန်းများကို တရားဝင်စတင်ခဲ့သည်။

နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုလုပ်ငန်းများတွင် အနှစ် (၂၀) နီးပါးအတွေ့အကြုံ အပါအဝင်၊ (၃၅)နှစ်တာ တရားလိုရှေ့နေ အတွေ့အကြုံဖြင့် မစ္စတာခွန်ဂျန်က မြန်မာနိုင်ငံဆိုင်ရာယန္တရားသို့ ဝင်ရောက်ခဲ့ပါသည်။

မစ္စတာ ခွန်ဂျန် သည် (၂၀၁၃)ခုနှစ် မှ (၂၀၁၉) ခုနှစ်ထိ ကမ္ဘောဒီးယားနိုင်ငံ တရားရုံးများ၏ အထူးခုံရုံးများ (Extraordinary Chambers in the Courts of Cambodia – ECCC)တွင် အပြည်ပြည်ဆိုင်ရာ ပူးတွဲတရားလိုရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်မတိုင်မီက၊ ယခင်ယူဂိုဆလားဗီးယားအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးတွင် တရားရုံးရှေ့နေအဖြစ်လည်း‌ကောင်း၊ အရှေ့တီမောရှိ လေးနက်သော ရာဇဝတ်မှုများအတွက် ဒုတိယအထွေထွေတရားလိုရှေ့နေ အဖြစ်လည်း‌ကောင်း၊ ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားနိုင်ငံအတွက် တရားလိုရှေ့နေရုံး၏ စစ်ရာဇဝတ်မှုများအပိုင်းတွင် အပြည်ပြည်ဆိုင်ရာ တရားလိုရှေ့နေအဖြစ်လည်း‌ကောင်း၊ ဆီယာရာလီယွန်အတွက် အထူးတရားရုံးတွင် အဓိကတရားရုံးရှေ့နေနှင့် အကြီးတန်းအယူခံရှေ့နေအဖြစ်လည်း‌ကောင်း မစ္စတာခွန်ဂျန်က တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မစ္စတာခွန်ဂျန်သည် ချားလ်စ်တေလာ (Charles Taylor)အမှု၏ အဓိကတရားရုံးရှေ့နေဖြစ်ပြီး၊ အိုင်ဗရီကိုစ်နိုင်ငံမှ နစ်နာသူများကိုလည်း အခမဲ့ကူညီခဲ့ပါသည်။ ဒါရ်ဖူး​ရ် (Darfur) အခြေအနေပါဝင်သော အမှုတစ်ခုအတွက် Abdallah Banda နှင့် Saleh Jerboတို့အား မစ္စတာခွန်ဂျန်က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)တွင် ကိုယ်စားပြုခဲ့ပါသည်။

ထို့အပြင်၊ ၎င်းက အမေရိကန်နိုင်ငံတွင် တရားလိုရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေနှင့် ပြောင်းလဲမှုကာလတွင် လိုအပ်သော တရားမျှတမှုဆိုင်ရာ ကဏ္ဍများတွင် အလုပ်အတွေ့အကြုံရှိသူဖြစ်သည်။

မစ္စတာခွန်ဂျန်သည် မြောက်ကာရိုလိုင်းနားတက္ကသိုလ်မှ Juris ပါရဂူဘွဲ့နှင့် လော့စ်အိန်ဂျလိစ်၊ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့တို့ကို ရရှိထားသည်။

ခါအိုရူ အိုကူအိဇူမိ၊ IIMM၏ ဒုတိယအကြီးအကဲ

(၂၀၁၉)ခုနှစ်၊ နို၀င်ဘာလ (၁၅)ရက်နေ့တွင် ယန္တရား၏ ဒုတိယအကြီးအကဲဖြစ်သူ ခါအိုရူအိုကူအိဇူမိ (ဂျပန်)သည် သူမ၏တာဝန်ကို တရားဝင်စတင်ခဲ့သည်။

မြန်မာ့ယန္တရားတွင် တာဝန်မယူမီက၊ မစ္စအိုကူအိဇူမိသည် တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခကြားတွင် လိင်အကြမ်းဖက်မှုများဆိုင်ရာ ကုလကျွမ်းကျင်ပညာရှင်များအဖွဲ့၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုအဖွဲ့ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုင်ငံတွင်း အာဏာပိုင်များအား ပဋိပက္ခနှင့်ပတ်သက်သော လိင်အကြမ်းဖက်မှုများအတွက် ရာဇ၀တ်မှုဆိုင်ရာ တာ၀န်ခံမှုရှိစေရန် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ ၎င်းမတိုင်မီက သူမသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးစစ်ဆင်ရေးဌာန၏ တရားရေးနှင့်အကျဥ်း၀န်ကြီးဌာနတွင် လက်ထောက်အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မစ္စအိုကူအိဇူမိ၏ အပြည်ပြည်ဆိုင်ရာနှင့် ပေါင်းစပ်တရားရုံးများနှင့် ပတ်သက်သည့် အတွေ့အကြုံများမှာ၊ ဆီယာရာလီယွန်အတွက် အထူးတရားရုံး၊ ယခင်ယူဂိုဆလားဗီးယားအတွက် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၏ လူ့အခွင့်အရေးဆိုင်ရာ ခုံရုံးများနှင့် မကြာသေးမီက၊ လက်ဘနွန်အတွက် အထူးခုံရုံးတွင် လက်ထောက်မှတ်ပုံတင်အရာရှိအဖြစ် တာ၀န်ယူခဲ့ခြင်းများ ပါဝင်သည်။ မစ္စအိုကူအိဇူမိသည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၊ ခရိုအေးရှားနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကိုဆိုဗိုနှင့် နီပေါတို့ရှိ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများနှင့် နယ်ရုံးများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

မစ္စအိုကူအိဇူမိသည် နယူးယောက်ပြည်နယ်၏ တရားရေးဝန်ထမ်း အဖွဲ့၀င်ဖြစ်ပြီး၊ ချီကာဂိုတက္ကသိုလ်၊ နယူးယောက်တက္ကသိုလ် ဥပဒေကျောင်းနင့် ပရင်စတန်တက္ကသိုလ်၏ ပြည်သူ့နှင့် နိုင်ငံတကာရေးရာ‌ကျောင်းတို့မှ ဘွဲ့များရရှိခဲ့သည်။ သူမသည် ဟားဗတ်ဥပဒေကျောင်းတွင်လည်း Wasserstein Fellow ဖြစ်သည်။ မစ္စအိုကူအိဇူမိသည် နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန၏ နာယကအဖွဲ့ဝင်ဖြစ်သည်။