Select Page

ကမ္ဘ့ာနေရာတိုင်းတွင် တရားစီရင်ပိုင်ခွင့်

အာဂျင်တီးနားအမှု

အာဂျင်တီးနားနိုင်ငံသည် ကမ္ဘာ့နေရာတိုင်းတွင် တရားစီရင်ပိုင်ခွင့်ကို အသုံးပြု၍ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်သည့် ပထမဆုံးသောနိုင်ငံဖြစ်သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရိုဟင်ဂျာဒုက္ခသည်များကိုယ်စား မြန်မာရိုဟင်ဂျာအဖွဲ့ UK မှ ပန်ကြားလွှာ တစ်ခုကို အာဂျင်တီးနားတရားရုံးများထံ တင်သွင်းခဲ့သည်။ ထိုပန်ကြားလွှာတွင် ရိုဟင်ဂျာများအား လူမျိုးပြုန်းစေမှု နှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် မြန်မာစစ်တပ်နှင့် အရပ်ဘက်ခေါင်းဆောင်များ၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေး‌မှုပြုလုပ်ပေးရန် တောင်းဆိုထားသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အာဂျင်တီးနားရှိ ပြည်ထောင်စုရာဇ၀တ်တရားရုံး၏ စုံစမ်းစစ်ဆေးရေး တရားသူကြီးတစ်ဦးသည် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဤစုံစမ်းစစ်ဆေးရေး အာဏာကို ဗဟိုအစိုးရရှေ့နေရုံးသို့ လွှဲပြောင်းခဲ့သည်။ ထိုအချိန်မှစ၍ အာဂျင်တီးနားတရားရုံး၏ အကူအညီ တောင်းခံလာမှုများကြောင့် ယန္တရားသည် အထောက်အထားများ မျှဝေပြီး ပံ့ပိုးခဲ့သည်။

ကမ္ဘာ့နေရာတိုင်းတွင် တရားစီရင်ပိုင်ခွင့် ဆိုတာဘာလဲ။

ဤသဘောတရားအရ၊ အချို့ရာဇဝတ်မှုများသည် အလွန်ကြီးလေးပြင်းထန်သော သဘောသဘာဝရှိသောကြောင့် နိုင်ငံအချို့သည် ၎င်းတို့နှင့်ဆက်စပ်မှုမရှိသည့်တိုင်၊ ကျူးလွန်သူများအား ၎င်းတို့နိုင်ငံများ၏ တရားဥပဒေပေါ်မူတည်၍ တရားစွဲဆိုမှု လုပ်ကောင်းလုပ်နိုင်သည်။ ဆိုလိုသည်မှာ၊ ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ကို အခြေခံ၍ ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူများကို အခြားနိုင်ငံတစ်ခုမှ တရားစွဲဆိုနိုင်သည်။ ပြစ်မှုကျူးလွန်ခဲ့သည့်နေရာ သို့မဟုတ် ကျူးလွန်သူနှင့် ထိခိုက်နစ်နာသူများ၏ နိုင်ငံသားဖြစ်မှုများကို ထည့်သွင်းစဥ်းစားစရာ မလိုပါ။

နောက်ထပ်အချက်အလက်များ သိလိုပါက  OHCHR တွင်ကြည့်ပါ။