Select Page

ရန်ပုံငွေ

ယန္တရားကို ကုလသမဂ္ဂ၏ ပုံမှန်ရန်ပုံငွေဖြင့် ထောက်ပံ့ထားပြီး၊ အထွေထွေညီလာခံမှ အတည်ပြုသော နှစ်စဥ် အသုံးစရိတ်ဖြင့် လုပ်ငန်းလည်ပတ်ပါသည်။ ဤအသုံးစရိတ်သည် ယန္တရား၏ ရှုပ်ထွေးသော လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော်ရန် လိုအပ်သော အရင်းအမြစ်များ၊ ဝန်ထမ်းများနှင့် ကျွမ်းကျင်မှုများ ရရှိရန် ထောက်ပံ့ပေးသည်။

ယန္တရားသည် ထူးခြားသောသီးသန့်စီမံချက်များဆောင်ရွက်ရေးနှင့် အထူးပြုကျွမ်းကျင်မှုများရရှိရေးအတွက် အလှူရှင်များနှင့်အခြားအဖွဲ့ အစည်းများထံမှ စေတနာအလျောက်ထောက်ပံ့မှုများကိုလည်း ရယူပါသည်။ ယန္တရား၏ စုံစမ်းစစ်ဆေးရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးနှင့် လူထုဆက်ဆံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး အတွက် စေတနာအလျောက် ရန်ပုံငွေထည့်ဝင်ကြသည့်သြစတြေးလျ၊ သြစတြီးယား၊ ကနေဒါ၊ ဒိန်းမတ်၊ မော်လ်တာ၊ ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန် နိုင်ငံများ၊ Justice Rapid Response အဖွဲ့ နှင့်အခြားနိုင်ငံများအားလုံးကို ကျေးဇူးတင်ရှိပါသည်။