Select Page

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်။ ။ ယန္တရား၏ နောက်ဆုံးထုတ်သတင်းလွှာ၌ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများတွင် ပါဝင်နေသည့် အဖွဲ့အစည်းပေါင်းများစွာက ကြိမ်ရေများစွာနှင့် ရက်စက်စွာ ကျူးလွန်နေသော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းခြင်းနှင့် စိစစ်သုံးသပ်ခြင်းဆိုင်ရာ တိုးတက်မှုများကို အထူးအလေးပေးဖော်ပြထားသည်။ အစီရင်ခံစာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ယန္တရား၏ တင်ပြချက်များပါဝင်ပြီး၊ သတင်းပေးပို့မှုနှင့် မှတ်တမ်းတင်မှုအားနည်းသော မျိုးပွားခြင်းဆိုင်ရာ အကြမ်းဖက်မှုများအား စုံစမ်းစစ်ဆေးမှု အကြောင်းပါဝင်သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလထုတ် စာစောင်ကို ဒေါင်းလုဒ်လုပ်ခြင်း၊ ဖတ်ရှုခြင်းနှင့် တဆင့်မျှဝေခြင်းများ လုပ်နိုင်ပါပြီ။