Select Page

မြန်မာစစ်တပ်သည် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ပိုမိုရဲတင်းစွာနှင့် အကြိမ်ရေများစွာ ကျူးလွန်နေကြောင်း ဖော်ပြသည့် အထောက်အထားများစွာကို ယန္တရားကစုဆောင်းထားသည်။ အဆိုပါတိုက်ခိုက်မှုများတွင် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် အစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်းများ ပါဝင်ကြောင်း ပေးပို့ချက်များနှင့် အချက်အလက်များက ဖော်ပြသည်။

ယခု ထုတ်ပြန်သည့် သတင်းလွှာတွင် ဖော်ပြထားသည့်အတိုင်း ယန္တရားသည် မကြာသေးမီက ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့်ပတ်သက်သော စိစစ်သုံးသပ်ချက် အစီရင်ခံစာသုံးခုကို ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာများကို နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ နိုင်ငံတကာတရားရုံးနှင့် အာဂျင်တီးနားတရားရုံးတို့တွင် စစ်ဆေးလျက်ရှိသောအမှုများအား ကိုင်တွယ်ဆောင်ရွက်နေသည့် သက်ဆိုင်ရာ အာဏာပိုင်များထံ မျှဝေသည်။

အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာဖြင့် ဖတ်နိုင်ပါသည်။