မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) သည် မြန်မာနိုင်ငံတွင် ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးအတွက် ဦးတည်လုပ်ဆောင်လျက်ရှိသည်။
၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျူးလွန်သည့် ကြီးလေးသောနိုင်ငံတကာရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ယန္တရားကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
ယန္တရားသည် သက်ဆိုင်ရာ အထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းသည်။ ထို့နောက် ယင်းရာဇဝတ်မှုများအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်များကို တရားစွဲဆိုသည့်အခါ ပံ့ပိုးရန် စိစစ်သုံးသပ်ချက်များ ပြင်ဆင်သည်။