Select Page

၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီ လ (၂) ရက်

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် ၎င်း၏လုပ်ပိုင်ခွင့်နှင့်အညီ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်သည့် လတ်တလော ဖြစ်ပျက်နေမှုများကို အနီးကပ် စောင့်ကြည့်နေပါသည်။

လက်ရှိ အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု ကျွန်တော့်အနေဖြင့် ရိုးသားစွာ မျှော်လင့်ပါသည်။ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်ကလည်း တပ်မတော်ခေါင်းဆောင်များအား မတူကွဲပြားမှုများကို နိုင်ငံရေးအရ ပြောဆိုဆွေးနွေးပြီးမှ ဖြေရှင်းဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့သည်ကို သိရှိရပါသည်။ သို့သော်လည်း ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများ ကျူးလွန်လာပါက အသေအချာအားဖြင့် ယန္တရားသည် သက်သေအထောက်အထားများကို စုဆောင်းသွားမည်ဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်နှင့်အညီ ထိုတာဝန်ရှိသူများအား တာ၀န်ခံမှုရှိစေရန် အပြည်ပြည်ဆိုင်ရာ တရားရုံး၊ ဒေသတွင်း တရားရုံး သို့မဟုတ် နိုင်ငံတွင်း တရားရုံးများ၌ တရားစွဲဆိုရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အမှုတွဲများကို တည်ဆောက်သွားမည်။