Select Page

နှစ်ပတ်လည် အစီရင်ခံစာများ

(၂၀၁၉)ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင်၊ မိမိတို့၏ လုပ်ပိုင်ခွင့်အရ လိုအပ်သလို၊ ယန္တရား၏ အကြီးအကဲက ပထမ နှစ်စဥ်အစီရင်ခံစာ ကို လူ့အခွင့်အရေးကောင်စီသို့ ၎င်း၏ (၄၂)ကြိမ်မြောက် အစည်းအဝေးပွဲတွင် တင်ပြခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် ယန္တရား၏ လုပ်ငန်းလည်ပတ်မှု ပထမအဆင့်ရှိ မဟာဗျူဟာနှင့် အဓိကစိန်ခေါ်မှုများကို ဖော်ပြခဲ့ပြီး၊ အောက်ပါကဏ္ဍများ ပါဝင်သည်။

  • စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အမှုများရွေးချယ်ခြင်း
  • လိင်အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ခံမှု
  • အမှုတွဲများပြင်ဆင်ရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်း
  • ပူးပေါင်းဆောင်ရွက်ခြင်း
  • အချက်အလက်၊ စာရွက်စာတမ်းနှင့် အထောက်အထားများ မျှဝေခြင်း
  • အချက်အလက်၊ စာရွက်စာတမ်းနှင့် အထောက်အထားများကို တခြားရည်ရွယ်ချက်များအတွက် မျှဝေခြင်း
  • အများပြည်သူသို့ ကမ်းလင့်ဆက်သွယ်ခြင်း
  • ယန္တရား၏ အစပိုင်း ဦးစားပေးလုပ်ငန်းများ
  • လုပ်ငန်းလည်ပတ်ရန်နှင့် အပြည့်အဝအလုပ်လုပ်နိုင်ရန် လှမ်းခဲ့သော လက်တွေ့ခြေလှမ်းများ

ရုပ်သံ။ ။ နီကိုလတ်စ်ခွန်ဂျန် က လူ့အခွင့်အရေးကောင်စီ သို့ နှစ်ပတ်လည် အစီရင်ခံစာကို တင်ပြနေစဥ် (ကုလ ၀က်ဘ် တီဗီ)

(၂၀၁၉)ခုနှစ်၊ ဩဂုတ်လ (၅)ရက်နေ့တွင်၊ ယန္တရား၏ လုပ်ပိုင်ခွင့် လိုအပ်ချက်အရ၊ နှစ်ပတ်လည် အစီရင်ခံစာကို (၇၄)ကြိမ်မြောက် အထွေထွေညီလာခံ (A/74/278)သို့ ပေးပို့ခဲ့သည်။

(၂၀၂၀) ခုနှစ် စက်တင်ဘာလတွင် ယန္တရား၏ အကြီးအကဲက လူ့အခွင့်အရေးကောင်စီ၏ (၄၅) ကြိမ်မြောက် အစည်းအ‌‌‌‌‌၀ေးသို့  ၎င်း၏ ဒုတိယ နှစ်စဥ်အစီရင်ခံစာကို တင်သွင်းသွားမည် ဖြစ်သည်။ ဤ အစီရင်ခံစာတွင် ယန္တရား စတင်လည်ပတ်လှုပ်ရှားသည့် ပထမနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် အရေးကြီးသည့် လုပ်ငန်းစဥ်များအကြောင်းကို တင်ပြထားသည်။ ယန္တရား၏ အရေးကြီးသော လုပ်ပိုင်ခွင့်များကို အကောင်ထည်ဖော်ဆောင်ရွက်ချက်၊ သက်ဆိုင်ရာ နိုင်ငံ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများ၊ လုပ်ငန်းလည်ပတ်မှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်းစဥ် ကိစ္စရပ်များအပါအ၀င်၊ ယန္တရား၏ လုပ်ငန်း မျက်နှာစာ ပေါင်းစုံတွင် တိုးမြှင့်လုပ်ဆောင်ခဲ့သော လုပ်ငန်းများနှင့် လှုပ်ရှားမှုအကြောင်းများကို အသားပေး ဆွေး‌နွေး ဖော်ပြထားသည်။

ဤ အစီရင်ခံစာကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့တွင် (၇၅) ကြိမ်မြောက် အထွေထွေညီလာခံ(A/75/197)သို့ တင်သွင်းခဲ့သည်။  

ယန္တရားသည် လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံသို့ ၎င်း၏ နှစ်စဉ်အစီရင်ခံစာများကို ဆက်လက်ပေးပို့သွားမည်ဖြစ်သည်။