Select Page

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ သိသိသာသာ တိုးမြင့်လာသည်အလျာက် အစောပိုင်းကာလက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ဆက်လက် စုံစမ်းစစ်ဆေးနေစဥ်မှာပင် ယန္တရားသည် အဆိုးရွားဆုံးသော ဖြစ်စဥ်များနှင့် ထိခိုက်နစ်နာခဲ့ရသူ ကာယကံရှင်များအပေါ် သက်ရောက်မှု အပြင်းထန်ဆုံး ဖြစ်ရပ်များကို အဓိကထား စုံစမ်းစစ်ဆေးနေပါသည်။ ဤသတင်းလွှာတွင် ယန္တရား၏ဘဏ္ဍာရေးဆိုင်ရာနှင့် လူမှုကွန်ယက် မီဒီယာ ရင်းမြစ် စုံစမ်းစစ်ဆေးမှုများကို အကျဉ်း ဖော်ပြပြီး၊ ယန္တရား၏ပထမဆုံးသော အရပ်ဘက် လူ့အဖွဲ့ အစည်းဆွေးနွေးပွဲအကြောင်းကိုလည်း ဖော်ပြထားပါသည်။

အင်္ဂလိပ်နှင့် မြန်မာ နှစ်ဘာသာဖြင့် ဖတ်နိုင်ပါသည်။