Select Page

မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုယန္တရားသည် ပြည်သူလူထုနှင့် ကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံနိုင်ရန် ဆောင်ရွက်လျှက်ရှိသော ကြိုးပမ်းချက် လုပ်ငန်းများတွင် ထပ်ဆင့် အထောက်အကူပြုစေရန် ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာကို စတင်ဖွင့်လှစ်လိုက်ကြောင်း အသိပေး ကြေငြာနိုင်သည့်အတွက် ၀မ်းသာပါသည်။ ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာကို ဤ နေရာတွင် facebook.com/MyanmarMechanism သွားရောက်ကြည့်ရှု့ နိုင်ပါသည်။ မြန်မာနှင့် အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖွင့်လှစ်ထားသော ၎င်းဖေ့စ်ဘုတ်စာမျက်နှာ၏ ရည်ရွယ်ချက်မှာ ယန္တရား၏ လုပ်ပိုင်ခွင့်၊ အလုပ်အကြောင်းတို့နှင့် စပ်လျဥ်း၍ မှန်ကန်သော သတင်းအချက်အလက်များကို မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ အသိပေးနိုင်ရန် ဖြစ်သည်။ ယခုနှစ် အစောပိုင်းတွင် ယန္တရားက လူထုအခြေပြု အဖွဲ့အစည်းများ၏ အမြင် စစ်တမ်းတစ်ရပ် ကောက်ယူခဲ့ရာတွင် လူထုအခြေပြု အဖွဲ့အစည်းများနှင့် သာမက မြန်မာပြည်တွင်းမှ လူထုများကို သတင်းအချက်အလက်များ ကျယ်ပြန့်စွာ မျှ‌‌‌၀ေနိုင်ရန် ဖေ့စ်ဘုတ်သည် မရှိမဖြစ်လိုအပ်ပြီး အသုံးပြုသင့်ကြောာင်း အကြံပြုချက်တစ်ခု ရရှိခဲ့ပါသည်။ ထို အကြံပြုချက်အတိုင်း ဤစာမျက်နှာကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏ အင်တာနက် စာမျက်နှာ iimm.un.org ကို ဖွင့်လှစ်ပြီးနောက် ဤ ဖေ့စ်ဘုတ်စာမျက်နှာကို ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ယန္တရား၏ အင်တာနက် စာမျက်နှာတွင် အရေးကြီးသော စာရွက်စာတမ်းများ၊ ယန္တရား၏ အလုပ်နှင့်သက်ဆိုင်သည့် နောက်ဆုံးသတင်းများ၊ ယန္တရားအကြောင်းနှင့် ပတ်သက်၍ မေးလေ့ရှိသော မေးခွန်းများကို ဖြေကြားပေးထားသည်။ မြန်မာနိုင်ငံဆိုင်ရာ ယန္တရားကို ဤ အီးမေးလ် iimm@un.org သို့မဟုတ် Signal app နံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ၀၈ မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။