Select Page

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား

မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်သူများကို တရားစီရင်နိုင်ရန် လိုအပ်သော အထောက်အထားများ စုဆောင်းခြင်း

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM သို့မဟုတ် ယန္တရား) သည် မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှု ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့်   ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးအတွက် ဦးတည်လုပ်ဆောင်လျက်ရှိသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျူးလွန်သည့် ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေး ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ယန္တရားကို ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

ယန္တရားသည် အထောက်အထားများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့်  စိစစ်သုံးသပ်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပြီး အမှုတွဲများ ပြင်ဆင်ပါသည်။ ထို့နောက် ပြစ်မှုကျူးလွန်သူများအား တရားစွဲဆိုရာတွင် အသုံးပြုရန်အတွက် သက်ဆိုင်ရာ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် နိုင်ငံတကာတရားရုံးများ၊ သို့မဟုတ် ခုံရုံးများထံ ယင်းအမှုတွဲများ မျှဝေပါသည်။

၂၀၂၄ ဧပြီလထုတ် သတင်းလွှာတွင် ယန္တရား၏ သက်သေမျှဝေရေးနှင့် ငွေကြေးဆိုင်ရာစုံစမ်းစစ်ဆေးမှုများအကြောင်း တင်ပြထား

ဧပြီ ၉၊ ၂၀၂၄။ ။ယန္တရားသည် နောက်ဆုံးထုတ် သတင်းလွှာတွင် အဖွဲ့၏ လုပ်ပိုင်ခွင့်အကြောင်း အများပြည်သူပိုမိုသိရှိလာစေရန် အပါအဝင်၊ သက်ဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးရေးနှင့် အမှုစစ်လုပ်ငန်းများအတွက် အချက်အလက်မျှဝေမှု၊ ရိုဟင်ဂျာများအား တိုက်ခိုက်သည့်...

IIMM ၏ စိစစ်သုံးသပ်ချက် အစီရင်ခံစာများ ထုတ်ပြန်ခြင်း

မြန်မာစစ်တပ်၏ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေသည့် လှုပ်ရှားမှု၊ မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးရန် ပျက်ကွက်မှုနှင့် သက်ဆိုင်သည့် အစီရင်ခံစာများ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော...

ယန္တရား၏လုပ်ငန်းများကို သရုပ်ဖော်ဇာတ်လမ်းအသစ်များဖြင့် ရှင်းလင်းတင်ပြ

ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၄။ ယန္တရားသည် အများပြည်သူအား ၎င်း၏လုပ်ငန်းစဥ်များကို ရှင်းပြရာတွင် ရိုးရှင်းပြီး အမြင်အားဖြင့် ဆွဲဆောင်မှုရှိစေရန် သရုပ်ဖော်ဇာတ်လမ်းအသစ် သုံးပုဒ် ထုတ်လုပ်ခဲ့သည်။ အဆိုပါ သရုပ်ဖော်ဇာတ်လမ်းများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဒေါင်းလုပ်ရယူပြီး...

သတင်းထုတ်ပြန်ချက်: မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ မြင့်တက်လာသည်နှင့်အမျှ အမျိုးသမီးများနှင့်ကလေးများကို ပြင်းထန်စွာထိခိုက်စေကြောင်း မြန်မာယန္တရား၏ နှစ်စဥ် အစီရင်ခံစာမှ ဖော်ပြခြင်း

ဂျီနီဗာ၊ ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက် - မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စနစ်တကျ ကျူးလွန်နေဆဲဖြစ်ပြီး၊ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ သည်  အမျိုးသမီးများနှင့် ကလေးများအပေါ် ပြင်းထန်စွာ ထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော...

မြန်မာနိုင်ငံ၏ ပဏာမကန့်ကွက်ချက်ကို ပယ်ချသည့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်ကို တုံ့ပြန်ခြင်း – မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Nicholas Koumjian ၏ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်-  လူမျိုးတုံး လုပ်ဆောင်မှု ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူစာချုပ် ကျင့်သုံးမှုနှင့် စပ်လျဥ်းသောအမှု (ဂမ်ဘီယာ နှင့် မြန်မာ) တွင် မြန်မာနိုင်ငံ၏ ပဏာမကန့်ကွက်ချက်များကို ပယ်ချလိုက်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၏ ယနေ့...

မြန်မာစစ်တပ်က ကြေညာသည့် သေဒဏ်စီရင်ချက်များသည် ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုမြောက်နိုင် – မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Nicholas Koumjian ၏ ထုတ်ပြန်ချက်

ဂျီနီဗာ၊ ဇွန်လ ၂၀၊ ၂၀၂၂ ခုနှစ် - လူထုရှေ့မှောက်တွင်မဟုတ်သော တရားစီရင်မှုဖြင့် စစ်ခုံရုံးများတွင် စစ်ဆေးပြီး လူလေးဦးအား သေဒဏ်ချမှတ်ထားခြင်းကို မြန်မာစစ်တပ်မှ အတည်ပြုဆောင်ရွက်ရန် ရည်ရွယ်သည်ဟု မကြာသေးမီက ထုတ်ပြန်ချက်နှင့် ပတ်သက်သည့် အခြေအနေများကို  မြန်မာ နိုင်ငံဆိုင်ရာ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ IIMM လုပ်ငန်းအထူးအဖွဲ့ (မစ်ရှင်) သွားရောက်

ဂျီနီဗာ၊ ဒါကာ (မေလ ၁၆၊ ၂၀၂၂) – ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (“IIMM” သို့မဟုတ် “ယန္တရား”) ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်မှု စနေနေ့တွင် ပြီးဆုံးခဲ့သည်။ ယန္တရားအကြီးအကဲ လက်ထောက်အထွေထွေအတွင်းရေးမှူး...

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျူးလွန်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများနှင့် အကြီးလေးဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုများနှင့်ဆိုင်သည့် အထောက်အထားများကို ပြုစုစုဆောင်းခြင်း၊...

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျူးလွန်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများနှင့် အကြီးလေးဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုများနှင့်ဆိုင်သည့် အထောက်အထားများကို ပြုစုစုဆောင်းခြင်း၊...